နယူးဂျာစီပြည်နယ်ကို ရေဘေးအန္တရာယ်အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ကြေညာ

News Image

  • နယူးဂျာစီပြည်နယ်ကို ရေဘေးအန္တရာယ်အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ကြေညာ

ဝါရှင်တန် ဇူလိုင် ၁၅ 
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နေရာအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် အတွက်ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်သည်ဟု နယူးဂျာစီပြည်နယ် ဝန်ကြီးချုပ် ဖီးလ်မာဂီက ထုတ်ပြန်ခဲ့ကြောင်း ယနေ့သတင်းများအရသိရသည်။

လမ်းမကြီးများတွင်လည်း ရေလွှမ်းနေသည့်အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍများကို ယာယီရပ်ဆိုင်းထားရပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တချို့ကိုလည်း ယာယီပိတ်ထားရကြောင်း နယူးဂျာစီပြည်နယ် အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။

နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၄ ရက်မှစတင်၍ မိုးရေချိန် တစ်နာရီ နှစ်လက်မနှုန်းဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတော့နေရာအနှံ့အပြားမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ "မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လမ်းမကြီးတွေကို ယာယီပိတ်ထားရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ရပ်ဆိုင်းထားရတဲ့ထိ ဖြစ်ပွားနေတာကြောင့် ရေကြီးရေလျှံမှု အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ရေဘေးဒဏ်သင့် ဧရိယာမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ကိုသွားလာခြင်းမပြုကြဖို့ တိုက်တွန်းထားပါတယ်”ဟု နယူးဂျာစီပြည်နယ် ဝန်ကြီးချုပ် ဖီးလ်မာဖီက ပြောကြားသွားခဲ့သည်။

မိုးရေချိန်မှာဆက်လက်ဖြင့် တက်လာနိုင်ဖွယ်ရှိနေသည့်အတွက် ရေကြီးရေလျှံမှု အခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း နေရှင်နယ်မိုးလေ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

အရေးပေါ်အခြေအနေ သတ်မှတ်လိုက်သည့်အတွက်ကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဖက်ဒရယ်အစိုးရကကူညီ ထောက်ပံ့ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: Sai Sat