နယူးဂျာစီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘူတာရုံများရေနစ်မြုပ်ပြီး ရေဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုဖြစ်ပွား

News Image

  • နယူးဂျာစီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘူတာရုံများရေနစ်မြုပ်ပြီး ရေဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုဖြစ်ပွား

ဝါရှင်တန် ဇူလိုင် ၁၆

အမေရိကန်နိုင်ငံ နယူးဂျာစီ ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရထားဘူတာရုံများ ရေနစ်မြုပ်ပြီး ရေဘေးအန္တရာယ် ကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်နယ်အာဏာပိုင်များ က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၄ ရက်ညက အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ချိန်ကစပြီး မိုးသည်း ထန်စွာရွာသွန်းကာ ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရေကြီး ရေလျှံမှုကြောင့် မြေအောက်ရထား ဘူတာရုံများရေနစ်မြုပ်ခဲ့ပြီး လူနေ အိမ်ရှေ့နှင့် လမ်းပေါ်တွင် ရပ်နားထားသောကားများ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း၊ ထို့ပြင် နယူးဂျာစီပြည်နယ်တွင် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့်ဒေသတွင်းရှိလေဆိပ်များ၊ အဝေးပြေးလမ်းများနှင့် မီးရထား လမ်းများသွားလာမှု အခက်အခဲ များဖြစ်ပေါ်ခဲ့ပြီး နယူးဂျာစီပြည် နယ်၏ လူနေထူထပ်သော မန် ဟတ်တန်မြို့၏ Central Parkတွင်လည်း ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ ကြောင်း မန်ဟတ်တန်မြို့၏ မြို့တော်ဝန် အဲရစ်ခ်အဒမ်က ပြောကြားခဲ့သည်။

မြေအောက်ရထားဘူတာရုံ ရေနစ်မြုပ်ခဲ့သဖြင့် မြေအောက် ရထားစနစ်များ ချို့ယွင်းခဲ့ ကြောင်း ရေနုတ်မြောင်းစနစ်များ တွင် ရေပိတ်ဆို့မှုကြောင့် ရေကြီး ရေလျှံမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း မြို့တော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မရှင် နာရိုဟစ်မဂ္ဂါဝါလာက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၁၅ ရက်တွင် ရေဘေး အန္တရာယ် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ယနေ့တွင် လူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အလောင်းများကို ရေမြုပ်နေသော ကားထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း၊ မျောပါသွားသည့်ကား များစွာရှိသဖြင့် သေဆုံးသူအရေ အကွက်တိုးလာမည်ကို စိုးရိမ်နေ ကြောင်း နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ကီလီမာဖီက ပြောကြားခဲ့သည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper