ကျိုုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ကျိုုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ်  ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက လယ်ဂဏန်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ လယ်ဂဏန်းများကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ ဂဏန်းတွေက လယ်ကွင်းထဲက ဖမ်းယူရရှိတာဖြစ်ပါတယ်။ လယ်ဂဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု ကျိုက်လတ်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှဂဏန်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီးတင်ပို့ရောင်းချနေသည့် လယ်ဂဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၈၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ