ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေး အစိုးရအား မည်သူက တောင်းဆိုခဲ့သလဲ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေး အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအား တောင်းဆို

News Image

ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအား တောင်းဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအားတောင်းဆိုခဲ့ကြောင်း သိရသည်။

အရှေ့ ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်နှင့် ယခုနှစ် မေလကုန်အထိ တစ်နှစ်အတွင်း သိမ်းပိုက် ထားသော ဆီးရီးယားဂိုလန်အပါအဝင် အနောက်ဘက်ကမ်းရှိ အစ္စရေးတို့၏ လှုပ်ရှားမှုများအပေါ် ခြုံငုံရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စာပေနိုဘယ်ဆုကို တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန် ရရှိ

News Image

ယခုနှစ် စာပေနိုဘယ်ဆုကို တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန် ရရှိ

ဆွီဒင်အကယ်ဒမီသည် တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်ကို ယခုနှစ် စာပေနိုဘယ်ဆုရှင် အဖြစ် ‌ရွေးချယ်ခဲ့ကြောင်း သိရသည်။

အာရှိနွယ်ဖွား အမျိုးသမီးတစ်ဦးကို စာပေလောက၏ ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဟန်ကန်ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ ဖခင်သည် ကျော်ကြားသောဝတ္တုရေးဆရာ ဖြစ်သောကြောင့် စာပေမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈ ဦးသေဆုံး

News Image

ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈ ဦးသေဆုံး

ဂါဇာကမ်းမြောင်ဒေသ၌ နေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းကို အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၈ ဦးထက်မနည်း သေဆုံးပြီး အခြား ၅၄ ဦးကျော် ဒဏ်ရာရရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီယာအယ်ဘာလာ၏ မြို့တော်ပါလက်စတိုင်း လခြမ်းနီအသင်းဌာနချုပ်အနီးတွင် တည်ရှိသည့် ရာဖီဒါကျောင်းကို အစ္စရေးတပ်မတော်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းလခြမ်း နီအသင်း(ပီအာစီအက်စ်)က လူမှုကွန်ရက်မီဒီယာ X ၌ ဖော်ပြထားသည်။