မြေပြိုမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသည့်အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာ

ထူးခြားသည့် တော်သလင်းလပြည့်နေ့ မွန်ရိုးရာ ဆွမ်းတော်ကြီး တင်လှူပွဲ

“ဝါတွင်းကာလအတွင်း လအလိုက်ပွဲတော်များ ရှိကြရာ  မွန်လူမျိုးတို့၏  ထူးခြားသည့် ရိုးရာဓလေ့အဖြစ် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ကျင်းပသည့် မွန်ရိုးရာဆွမ်းတော်ကြီးတင်လှူပွဲ  သို့မဟုတ်  သင်္ဘောဆွမ်းတော်ကြီး တင်ပွဲတစ်ခုလည်း အပါအဝင်ဖြစ်သည်။ တော်သလင်းလပြည့်နေ့ မရောက်ခင် တစ်ရက်အလိုတွင် ဘုန်းတော်ကြီးကျောင်းများ၌ မိမိတို့ တတ်စွမ်းနိုင်သည့် အလှူငွေ၊ လုပ်အားဒါနများဖြင့် သင်္ဘောပုံစံ ပြုလုပ်ထားရှိပြီး အဆိုပါသင်္ဘော ထဲတွင် ဆွမ်း၊ သစ်သီး၊ မုန့်အမျိုးမျိုး၊ ပန်း၊ ထီး၊ တံခွန် အစရှိသည့် ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထုတို့ကို   စုပေါင်းထည့်သွင်းကာ ရွာတွင်းလှ

ဆွမ်းအိုးမျှောပွဲ ကျင်းပခြင်း

ပြည်သူများက ဆွမ်းအိုးမျှောမည့် မြစ်ကမ်းနားတစ်လျောက်၌ အရုဏ်တက်ချိန် မှစတင်ကာ မိမိတို့ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ ဆီမီးဖရောင်းတိုင်များ အမွေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကိုမြစ်အတွင်းမြစ်ရေတက်ချိန်တွင် ဆွမ်းအိုးမျှောပူဇော်ကြပြီး မိမိတို့ အလိုရှိရာဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်မြတ်ထံ ဆုတောင်းကြခြင်း ဖြင့်ဆုတောင်းများပြည့်ဝကာ စီးပွားဥစ္စာတိုးပွားကြသဖြင့် ယုံကြည်စွာ နှစ်စဉ်ရိုးရာမပျက် ဆင်ယင်ကျင်းပကြသည်။