အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်

News Image

အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်

အစ္စရေးလေတပ်သည် လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် ပြီးခဲ့သည့် တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ် ၁၈၅ ခုနှင့် ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့၏ ပစ်မှတ် ၄၅ ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် စစ်သွေးကြွအများအပြားသေဆုံးပြီး လက်နက်သိုလှောင်ရုံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ထပ်လောင်းပြောကြားသည်။ 

အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေးတိုးချဲ့

News Image

အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေးတိုးချဲ့

အစ္စရေးတပ်များက လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ အီရန်‌ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့ကို တိုက်ခိုက်ရန်အတွက် ဒေသအလိုက် ပစ်မှတ်ထားသော စစ်ဆင်ရေးများကို တိုးချဲ့ လိုက်ကြောင်း သိရသည်။

အစ္စရေးတပ်မတော်သည် လက်ဘနွန်တောင်ပိုင်းဒေသသို့ နောက်ထပ်တပ်မတော်သား ထောင်ချီ ဖြန့်ကြက်ထားကြောင်း၊ ထို့ပြင် ၎င်းတို့သည် ဒုံးကျည်ပစ်လွှတ်သော လောင်ချာများနှင့် နယ်စပ် အနီးရှိ ဥမင်လိုဏ်ခေါင်းတစ်ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လက်နက်များကို သိုလှောင် သိမ်းဆည်းရန် အသုံးပြုသည့် ဟစ်ဇ်ဘိုလာြခံဝင်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အမျိုးသားရေး ဦးတည်ချက်ဆီသို့ အရောက်သွားမည့် အားကစားစိတ်ဓာတ်

Posted_Date

Image

အမျိုးသားရေး ဦးတည်ချက်ဆီသို့ အရောက်သွားမည့် အားကစားစိတ်ဓာတ်

Body

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်     လူမှုရေး ဦးတည်ချက်တစ်ခုဖြစ်သော  “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး    လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ် ပါဝင်နိုင်ရေး   ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို    မြှင့်တင်ဆောင်ရွက်ရေး”  ဟုပါဝင်သည်။ နိုင်ငံတော်က ရည်မှန်းထားသည့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် အဓိကအထောက်အကူ ပြုပေးနိုင်သည်မှာလည်း အားကစားသာဖြစ်သည်။

လူသားတို့၏  ကာယစွမ်းအားနှင့် ဉာဏစွမ်းအားကို  ပေါင်းစပ်အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ခြင်းကို အားကစားဟူ၍ ကျွန်မလေ့လာ   နားလည်ထားခဲ့သည်။ ပြည့်ပြည့်စုံစုံပြောရပါမူ      အားကစားဟူသည်   သေချာရေရာသောပန်းတိုင် နည်းဗျူဟာနှင့်  မျှတခြင်းတို့ဖြင့်စုဖွဲ့မှု၊ ယှဉ်ပြိုင်မှု၊  ဖျော်ဖြေရေးနှင့် ကျွမ်းကျင်မှုတို့ကို    စုစည်းထားခြင်းဖြစ်သည်ဟုပင် ဆိုရပေမည်။ Sports is Games or Competitions Involving Physical and Mental Activity ဟုဆိုပါသည်။ အားကစား (SPORTS) တွင်ပါဝင်သည့် စကားလုံး တစ်ခုချင်းစီတွင် လေးနက်သော အဓိပ္ပာယ်တို့ရှိနေကြောင်း   သိရှိနိုင်ပေသည်။    S သည် (Suppleness) ပျော့ပျောင်းမှု၊    P သည် (Politeness) ယဉ်ကျေးသိမ်မွေ့မှု၊  O သည် (Obedience) နာခံတတ်မှု၊     R သည် (Readiness) အဆင်သင့်ဖြစ်မှု၊ T သည် (Tactful ) ပါးနပ်လိမ္မာမှု၊ S သည်(Skill) ကျွမ်းကျင်မှုဟူသော   အဓိပ္ပာယ်ပင်ဖြစ်သည်။

အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များတွင် “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာပြုမူ ဆောင်ရွက်မှုပုံစံ အားလုံးကို အားကစား”ဟု    အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အားကစား၏ ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ  အားကစားသည်  တစ်ဦးချင်းယှဉ်ပြိုင်ရသည့်ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီပါဝင်သည့်ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည်  ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီဖြစ်သည်။ အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင်   ထည်ဝါခံ့ညားစေခြင်း ဖြစ်သည့်အတွက်     “အားကစား ပြိုင်ပွဲများကို     လက်နက်မပါသော တိုက်ပွဲများ”ဟု တင်စားလာနေကြပြီဖြစ်သည်။

အားကစားပြိုင်ပွဲကြီးများတွင် ပါဝင်ကစားနေကြသည့် အားကစားသမားများ၏ စိတ်ဓာတ်ကိုမဆိုထားနှင့် ကလေးများ အပျော်တမ်းကစားကြသည့် အားကစား ပွဲငယ်များတွင်ပင်လျှင် သူတို့အချင်းချင်း ချမှတ်ထားသည့် စည်းကမ်းကိုလိုက်နာ၍ ကစားကြရပေသည်။        ထို့ကြောင့် အားကစား၏ အနှစ်သာရမှာ စည်းကမ်းလိုက်နာခြင်း ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ သို့ဆိုပါလျှင်  ကလေးဘဝမှစ၍ အားကစားလေ့လာ လိုက်စားသူသည် စည်းကမ်းလိုက်နာတတ်သည့်   အလေ့အကျင့်ကောင်းကို   ရရှိလာမည်ဟုဆိုလိုချင်သည်။

 အားကစားသမားများကို လေ့လာကြည့်မည်ဆိုလျှင်  သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုသာမက နည်းပြဆရာ၊ အုပ်ချုပ်သူ၊ အားကစားဆေးပညာရှင်  စသည်တို့၏လမ်းညွှန်မှုနှင့် အဆုံးအဖြတ်များကိုလည်း  အလေးထားကာ လေးစားလိုက်နာကြကြောင်း  တွေ့ရှိရသည်။ အားကစားတစ်ရပ်ကို ယှဉ်ပြိုင်ရာတွင် “ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုသည့်စကားနှင့်အညီ မလျှော့သော ဇွဲသတ္တိ  ပြင်းပြသော လုံ့လဝီရိယတို့နှင့် ပါဝင်ယှဉ်ပြိုင်ကြရသည်။

အခြေခံပညာကျောင်းများတွင် လူငယ်လူရွယ်များကိုအကဲဖြတ်ရွေးချယ်၍ စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးမည်ဆိုပါက အားကစားသမားကောင်းများစွာ ပေါ်ထွက်လာနိုင်သည်။ ယှဉ်ပြိုင်ရာတွင် အားကစားသမား အချင်းချင်း၊ ယှဉ်ပြိုင်ဘက်အချင်းချင်း သစ္စာရှိမှုနှင့် ကိုယ်ကျိုးစွန့်၍ကူညီရိုင်းပင်းမှုများသည် ရွှေတံဆိပ်ဆုရရှိရေးထက်ပင်ပို၍ အရေးပါလှကြောင်းတွေ့ရှိရသည်။ အနိုင်ရသူအပေါ်တွင်  မနာလိုဝန်တိုစိတ်ဓာတ်မထားခြင်း၊ ရေသာခိုချင်သော စိတ်ကို   မမွေးမြူဘဲ အားသွန်ခွန်စိုက်ကြိုးစား၍ ကစားခြင်း၊ အားကစားသမား အချင်းချင်း   အပြန် အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း  စသည်တို့သည် အားကစားသမားကောင်းတို့၏ စွမ်းရည်များဖြစ်သည်။

အဆိုပါ   အားကစားစိတ်ဓာတ်မျိုးသည်    အားကစားလုပ်နေကြသူများတွင်သာ    မွေးမြူထားရန်မဟုတ်ပေ။

လူသားတိုင်းတွင်ထားရှိရမည့် စိတ်ဓာတ်ဖြစ်သည်။ ဤစိတ်ဓာတ်သည်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို    များစွာအထောက်အကူပြုသည့်     နိုင်ငံသားကောင်းတို့၏   ခံယူချက်နှင့်မှန်ကန်သော စိတ်ဓာတ်ဖြစ်သည်။   အားကစားသမား ကောင်းတစ်ဦးသည် ပွဲကြည့်ပရိသတ်ကိုစော်ကားခြင်းနှင့် ရိုင်းစိုင်းညစ်ညမ်းသည့် အပြုအမူများကို ရှောင်ကြဉ်ခြင်း စသည့် ကိုယ်စိတ်နှလုံးကို စောင့်ထိန်းတတ်သူဖြစ်ရမည်။  မိမိလူမျိုး၊   မိမိနိုင်ငံတော်၏ ကျေးဇူးကို စောင့်သိရိုသေပြီး အမျိုးဂုဏ်နှင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားများဖြစ်ရန် အားသွန်ခွန်စိုက်ကြိုးပမ်း ယှဉ်ပြိုင်ကြရသည်။  ပွင့်လင်းရိုးသားမှု၊ သည်းခံခွင့်လွှတ်မှု၊ စိတ်ရှည်မှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့သည်   အားကစားသမား ကောင်းတို့၏ ဂုဏ်ပုဒ်များဖြစ်သည်။

ထို့ကြောင့် ကျောင်းများတွင် အားကစား စိတ်ဓာတ်မွေးမြူပေးသည့် အလေ့အကျင့် ကို ကျောင်းသား၊ ကျောင်းသူများရရှိစေရန် အားကစားပြိုင်ပွဲများ  ကျင်းပပေးလျက်ရှိသည်။ ဤပွဲများသည် လူငယ်များကို အားကစားစိတ်ဓာတ် တစ်နည်းအားဖြင့် လူကြီးလူကောင်းတစ်ဦးတွင်   ရှိရမည့် စိတ်ဓာတ်ကောင်းများကို   မွေးမြူထားရှိတတ်အောင် လေ့ကျင့်ပေးသည့်ပွဲများ ဖြစ်သည်။   အားကစားပွဲတစ်ခုတွင် အောင်မြင်လိုစိတ်နှင့် စည်းကမ်းဥပဒေကို လိုက်နာစိတ်တို့  ဒွန်တွဲနေတတ်သည်။ ထိုစိတ်နှစ်ခုတို့ကို ချိန်ညှိနိုင်စွမ်းရှိလာလျှင် လူ့ဂုဏ်သိက္ခာနှင့်လူ့တန်ဖိုးတို့ မြင့်တက်လာမည်ဖြစ်ပေသည်။      ဤရလဒ်မှာ လူငယ်များအတွက် အဖိုးမဖြတ်နိုင်သော ရလဒ်ဖြစ်သည်။

အားကစားသမားကောင်းဟူသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ လိုက်နာ၍ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊ စည်းလုံးညီညွတ်သည့် အသင်းအဖွဲ့ဖြင့် ရည်မှန်းချက်ကို  ဖော်ဆောင်နိုင်ခြင်း၊  မိမိ၏ပြိုင်ဘက်ကို  လေးစားတန်ဖိုးထားခြင်းတို့ဖြစ်သည်။ ဤကဲ့သို့ အားကစားသမားများ၏ စိတ်ထားမျိုးကို ကမ္ဘာသူကမ္ဘာသားများ လိုက်နာကျင့်သုံးပါက  ကမ္ဘာကြီးသည် စစ်ပွဲများကင်းစင်၍    ငြိမ်းချမ်းသာယာဝပြောပါလိမ့်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း   ဦးသန့်က ပြောကြားခဲ့ကြောင်း  လေ့လာမှတ်သားခဲ့ဖူးသည်။ သို့ဖြစ်ပါ၍ လောကအတွက် ငြိမ်းချမ်းသာယာမှုကို ဆောင်ကြဉ်းပေးနိုင်သော  ကြီးကျယ်မြင့်မြတ်သည့်အရာကို “အားကစား”ဟု    ခေါ်ဆိုသတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့သည် စကားရပ်တို့ကိုလည်း လေ့လာမှတ်သားရသည်။

အချို့သောမိဘ၊ ဆရာသမားများက အားကစားပွဲလုပ်ခြင်းကြောင့် အချိန်ကုန်ခြင်း၊ စာသင်ပျက်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း စသည့်အတွေးများ   ရှိနေသေးကြောင်းတွေ့ရှိရသည်။    ယနေ့ခေတ်ကဲ့သို့  လူငယ်ထုအတွင်း   အတွေးမှား၊ အမြင်မှားများရှိနေခြင်းကြောင့်  အချို့သော လူငယ်များလမ်းမှားသို့ ရောက်ရှိနေချိန်ကာလမျိုးတွင် အားကစားပွဲများကို ပို၍ပင် ကျင်းပပေးခြင်းဖြင့်    အားကစားစိတ်ဓာတ်များ ရင့်သန်လာစေမည်ဖြစ်သည်။

စာမတတ်လျှင်      နောင်နှစ်များတွင် တတ်အောင် သင်ပေးနိုင်မည်ဟူ၍ အချိန်ဆိုင်းနိုင်မည်ဖြစ်သော်လည်း   အတွေးအခေါ်မှားယွင်းပါက    အချိန်မဆိုင်းဘဲ အန္တရာယ်ရှိသွားနိုင်သည်။ လူငယ်တစ်ဦး၏ စိတ်ဓာတ်နှင့်ခံယူချက်ကို   ပြုပြင်ပေးနိုင်သည့် အကောင်းဆုံးသော နည်းစနစ်တစ်ခုမှာ အားကစားနှင့်လက်ပွန်းတတီးရှိနေစေရန် လမ်းညွှန်သင်ကြားပေးခြင်းပင်ဖြစ်သည်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ အတွေ့အကြုံများကို ပြန်လည်မျှဝေသည့် အစီအစဉ်နှင့် စခန်းသွင်းလေ့ကျင့်ခြင်းများကို   လေ့လာစေခြင်းဖြင့်လည်းလူငယ်များအတွက် အားကစားနည်းစနစ်များနှင့် အတွေ့အကြုံများကို ပို၍စိတ်ဝင်စားမှုရှိလာစေနိုင်သည်။   မူကြို၊ မူလွန်နှင့် မူလတန်းအရွယ်မှစ၍ အားကစားနည်းများနှင့် မိတ်ဆက်ပေးပြီး တစ်မျိုးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကိုရှင်းပြကာ  ကလေးတစ်ဦးစီ     နှစ်သက်ရာ အားကစားနည်းကို  ရွေးချယ်ကစားခွင့်ပေးခြင်းမျိုး       ပြုလုပ်ပေးသင့်သည်။

ရလဒ်အနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုကို အချိန်တိုအတွင်း အမြန်ဆုံး ပေးစွမ်းနိုင်သည့်အရာမှာ  အားကစားပြိုင်ပွဲများဖြစ်သည်။    မသမာသူများ၏ ရည်ရွယ်ချက်ရှိရှိ  ဖျက်ဆီးမှုများသည် လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်နှင့်   စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်။  စည်းလုံးညီညွတ်မှုပျက်ပြားခြင်းသည် နိုင်ငံ့အင်အားကို လျော့ပါးစေခြင်း၏ အရင်းခံအကြောင်းတရားဖြစ်သည်။

နိုင်ငံ့ဂုဏ်ကိုဆောင်ပြီး    မိမိနိုင်ငံအလံတော်ကို   နိုင်ငံခြားသားပါမကျန် အလေးပြုနိုင်စေရန် စွမ်းဆောင်နိုင်သူမှာ အားကစားသမားများသာ ဖြစ်ကြောင်း ဝမ်းသာလှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။ မိမိနိုင်ငံတော်အလံကို နိုင်ငံခြားသားများနှင့်အတူ   အလေးပြုရခြင်းကို အလွန်ချိုမြိန်သောအရသာဟု  ခံစားရသည်။

ယခုအခါ  တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ်ပညာတတ် လူငယ်လူရွယ်များ  အနာဂတ် နိုင်ငံတော်တွင်  တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး   ရည်ရွယ်ချက်ဖြင့်  တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်  ပဉ္စမအကြိမ်မြောက်  အမျိုးသားအားကစားပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့်   နိုင်ငံတော်အဆင့်     အခမ်းအနားများနည်းတူ  ခမ်းနားထည်ဝါစွာ   မကြာမီ ကာလတွင် ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်လေရာ   အားကစားကဏ္ဍကို တိုးတက်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အမိမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားရေး ဦးတည်ချက်များကို  ခိုင်ခိုင်မာမာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   ။

Source- Myawady Webportal

ဒစ်ဂျစ်တယ်အရွေ့နှင့် ယနေ့လူငယ် (၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုဆောင်းပါး)

Posted_Date

Image

ဒစ်ဂျစ်တယ်အရွေ့နှင့် ယနေ့လူငယ်  (၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုဆောင်းပါး)

Body

"သင်ယူမှု ရပ်တန့်လိုက်တဲ့ အချိန်ဟာ

   အောင်မြင်မှု ကျဆုံးသွားချိန်ပဲ''

   ဘရမ်စတုတ်ကာ

   (အိုင်ယာလန်နိုင်ငံသားစာရေးဆရာ)

လူ့ဘဝ၌ မွေးဖွားလာသည်မှ သေဆုံးသည်ထိ သင်ယူခြင်း၊ သင်ကြားခြင်းအပြင် အစဉ်လေ့လာခြင်း ပြုနေကြရပေသည်။  သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်သော အနာဂတ်ဘဝ ရရှိနိုင်ကြမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်   သြဂုတ်လ ၁၂  ရက်နေ့သည် ''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့'' ''International Youth Day''ဖြစ်သည်။

 "စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''"From Clicks To Progress:  Youth Digital Pathways For Sustainable Development ''အဆိုပါဆောင်ပုဒ်ကို လူငယ်ထုအတွက် ချမှတ်ပေးထားပြီးဖြစ်ရာ ကောင်းမွန်စွာ ဆောင်ရွက်သွားကြရပေမည်။

နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်စေရန်၊ ထိုနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြသော လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံး၏ အလုပ်လုပ်ကိုင်မှုစွမ်းရည်၊  အသိဉာဏ်ပညာစွမ်းရည် အစရှိသော အရာများလိုအပ်ပေ၏။   ထို့အတူ   ကာယဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဉာဏဗလ၊ ဘောဂဗလ ဟူသည့်ဗလငါးတန်ပြည့်စုံသော လူငယ်မောင်မယ်များ၏ စွမ်းရည်သတ္တိရှိရန် အထူးလိုအပ်ပေသည်။ လူငယ်ဆိုသည်မှာ  ရဲဝံ့စွန့်စား၊  သင်ယူလေ့လာလိုစိတ်ပြင်းပြသူများဖြစ်ကြပေရာ   ယခုလို  IT နည်းပညာခေတ်၊ AI နည်းပညာခေတ်၌ ဒစ်ဂျစ်တယ် ရေစီးကြောင်းကို အမီလိုက်ပါနိုင်သူများလည်း ဖြစ်ကြပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့်   လူနေမှုအဆင့်အတန်း မည်သို့ရှိသည်ကိုသိရန်၊ ထိုနိုင်ငံသူ၊ နိုင်ငံသားတို့ မည်သို့သော   စာပေအမျိုးအစား ဖတ်ကြသလဲ၊လူဦးရေ မည်မျှစာဖတ်ကြသလဲ  စသည်ကို ဆန်းစစ်ကြည့်ခြင်းဖြင့် သိနိုင်ကြပေမည်။ စာဖတ်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသည်ကို ယနေ့လူငယ်များ အသိပင်ဖြစ်သည်။  ထို့အတွက် စာမတတ်သူပပျောက်ရေး အစီအစဉ်ကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေပေ၏။လူငယ်ထုပါဝင်ဆောင်ရွက် နေသော  စာမတတ်သူ စာတတ်ရေး၊ စာတတ်သူ စာဖတ်ရေး၊ စာဖတ်သူများ  စာဖတ်စွမ်းရည်နှင့် စာဖတ်ရှိန်မြင့်မားရေး တို့ကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်သိရှိ၊  ဖတ်ရှုနေကြရပေသည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊   ဒီဂရီကောလိပ်များနှင့် အတူ သူနာပြု၊ သားဖွားသင်တန်းကျောင်းများ၌ ယနေ့လူငယ်အများ ကိုယ်တိုင်ပါဝင်သည့် စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေး ပွဲတော်များကို ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ်   စာစီစာကုံးရေးသားခြင်းပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများ  ကျင်းပပေးလျက်ရှိပေသည်။

ယနေ့ဒစ်ဂျစ်တယ် နည်းပညာခေတ်၌  လူကြီးများထက်ပိုမို၍ နည်းပညာကျွမ်းကျင်မှု ရှိသည်မှာ လူငယ် မျိုးဆက်သစ်များပင်ဖြစ်၏။    ခေတ်မီ အီလက်ထရွန်နစ်ပစ္စည်းများ သုံးစွဲမှု၌  အရေးပါသော လက်တော့/ ကွန်ပျူတာ၊ တက်ဘလက်ဖုန်း၊ စမတ်ဖုန်းအစရှိသည် တို့ကိုအသုံးပြု၍ လူငယ်ထုသည် ကမ္ဘာနှင့်အဝှမ်း ချိတ်ဆက်ကာ အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည်။ Facebook၊ You Tube၊  Telegram ၊ Instagram၊ TikTok၊  Whats app  အစရှိသည့်လူမှုကွန်ရက် ပလက်ဖောင်းများကို အကျိုးရှိစွာ အသုံးချခြင်း၊ မိမိလေ့လာလိုသည့် websiteများဝင်ရောက်သင်ယူလေ့လာနိုင်ခြင်းဖြင့်ကမ္ဘာ့စာပေများစွာကိုဖတ်ရှုနိုင်လာကြပြီဖြစ်ပေရာ  နည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုအမီမလိုက်နိုင်ပါကကမ္ဘာကြီးတွင်ခေတ်နောက်ကျ ကျန်ခဲ့နိုင်ပေသည်။    သို့ဖြစ်၍ ထိုနည်း ပညာကို သင်ကြား၊ သင်ယူတတ်မြောက်လွယ်သော ယနေ့လူငယ်ထုအား နိုင်ငံမှ အလေးထားကြ သင့်သည် ဖြစ်ပေ၏။  ယခုစာရေးသူကိုယ်တိုင် အချို့သော စာပေပြိုင်ပွဲများ၌ နည်းပညာ တတ်ကျွမ်းမှုအားနည်း၍ စာမူကို Pdf fileမဖွဲ့တတ်ခြင်း၊ဗီဒီယိုအတိုပြိုင်ပွဲများ၌ digital creationမပြုလုပ်တတ်ခြင်း တို့ကြောင့်   ဝင်ရောက်ယှဉ်ပြိုင်ခွင့်  အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရဖူးပေသည်။    ထို့ကြောင့် လူငယ်မောင်မယ်အများစုသည် ခေတ်တွင် အရေးပါလာသည့် ဒစ်ဂျစ်တယ်ရေစီးကြောင်းကို  အမီ လိုက်ပါပြီး  Digital Marketing၊   Digital Business အစရှိသည်တို့ကို ပိုမို၍ဖွံ့ဖြိုးတိုးတက်ရေး အတွက်   တစ်ထောင့်တစ်နေရာမှ  ပါဝင်ကူညီဆောင်ရွက်ရင်း မိမိနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင် သွားသင့်ကြပေသည်။

ယနေ့ခေတ်    စာဖတ်သူလူငယ်အများစုမှာ နည်းပညာကျွမ်းကျင်သူများပါက အွန်လိုင်းမှဖတ်ရှု လေ့လာနိုင်ခြင်း၊ စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ခြင်း  သို့တည်းမဟုတ် စာကြည့်တိုက်များသို့သွား၍ ငှားရမ်းဖတ်ရှုနိုင်ခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေးကောင်း များစွာရှိနေပေသည်။ စာရေးဝါသနာ ပါသူများသည်လည်း E-mail၊ G-mail တို့ဖြင့် စာမူများပေးပို့နိုင်ကာ   တရားဝင်ဆောင်ရွက်နေသည့် Digital Books၊ E Books၊ Digital Magazines တို့တွင် ပါဝင်ရေးသားနိုင်၊ ဖတ်ရှုလေ့လာ နိုင်လာကြပြီဖြစ်ပေသည်။  ထိုထိုသော နည်းပညာခေတ်၏ အသီးအပွင့်များ ရေရှည်စားသုံးနိုင်စေရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ယနေ့လူငယ်အများ၏ အခန်းကဏ္ဍကို  အလေးထားကြရမည်ဖြစ်၏။   ယခုနှစ်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သော    ''စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   လူငယ်များရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''ဆိုသည့်အတိုင်း ဆက်လက်အားပေးချီးမြှင့်ကာ  ဆောင်ရွက်ကြရမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ထု၏ကြားတွင် ရေပန်းစားနေသော ကလစ်တစ်ချက်ခေါက်လိုက်ရုံနဲ့ ကမ္ဘာကြီးထဲ ရောက်နိုင်တယ်ဆိုသကဲ့သို့  ယခုနှစ် ဆောင်ပုဒ်တွင်လည်း ''From Clicks To Progress:  Youth   Digital   Pathways    For Sustainable Development''ဟူ၍    ဖော်ပြရေးသားထားပေရာ အလွန်ပင်မှန်ပေသည်ဟု ဆိုရမည်ဖြစ်၏။ မျိုးဆက်သစ် လူငယ်မောင်မယ်များ   ဖော်ဆောင်နိုင်မည့် ဒစ်ဂျစ်တယ်လမ်းများအား လျှောက်လှမ်းစေကာ နိုင်ငံအတွက်၊ လူမျိုးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဝိုင်းဝန်းကူညီ ဖေးမပေးသွားကြရမည် ဖြစ်ပေသည်။

အသက်အရွယ်ကြီးသူများအနေဖြင့် စာအုပ်၊ စာစောင်ကိုင်ပြီး ဖတ်ရှုမှသာ  စာဖတ်ရပိုအဆင်ပြေပေရာ မြို့ရွာအနှံ့တည်ရှိသော စာကြည့်တိုက်များမှာ သွားရောက်ငှားရမ်းဖတ်ရှုနိုင်ကြပေပြီ။   လူငယ်အများစုမှာမူကား ဆိုင်ထိုင်၍သော် လည်းကောင်း၊ မိမိနေအိမ်မှသော်လည်းကောင်း    စမတ်ဖုန်း၊ ကွန်ပျူတာတို့မှ အင်တာနက်ချိတ် ဆက်ဖတ်ရှုနိုင်နေပြီဖြစ်၏။ ဤသည်မှာ လူကြီး၊ လူငယ်များ ကွာဟချက်၏ အရေးပါသော ဒစ်ဂျစ်တယ် အရွေ့ ကြောင့်ပင်ဖြစ်ရပေသည်။ သို့ဆိုပါလျှင် ကျဉ်းမြောင်းသော ကွာဟမှု မဖြစ်စေရေး၊  လူကြီးတို့၏  အတွေ့အကြုံ ဗဟုသုတများနှင့် မြန်မာလူငယ်များ၏ နည်းပညာကျွမ်းကျင်မှုကို ပေါင်းစပ်ကာ  တိုင်းပြည်အတွက် ကောင်းကျိုးဆောင်နိုင်ကြပါမူ   ပိုမို၍သင့်တော်သည်ဟု   ထင်မြင်ယူဆမိပါသည်။   နည်းပညာကျွမ်းကျင်သူများမှ အစဉ်မျှဝေခြင်းဖြင့်   စာပေဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုး ကူညီ စွမ်းဆောင် ပေးရင်း    နိုင်ငံတကာ၌ မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကို ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခု ရယူဆောင်ကြဉ်း ပေးနိုင်ကြပါစေ။ အမိမြန်မာနိုင်ငံ၏ ကောင်းသောအောင်မြင်မှုများကို ကမ္ဘာမှသိရှိစေရန် လူငယ်ထု၏ စွမ်း‌ဆောင် မှုဖြင့် ပုံဖော်ပြသပေးနိုင်ကြပါမူ ပို၍နည်းပညာကွန်ရက်တည်ဆောက်ခြင်း အထောက်အကူ ဖြစ်ပေ ရာ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခြင်းမည်ပေသည်။

အခါအခွင့်သင့်တုန်းမှာ  လူငယ်စာရေးဆရာ သဟာဆွေလှိုင်း၏ ''Create good days ကောင်းမွန်သော နေ့ရက်များကို ဖန်တီးလိုက်ပါ'' စာအုပ်လေးထဲမှ ဒီစာစုလေးကို လူငယ်များအတွက် မျှဝေပေးလိုက်ပါရစေ။

"ဘဝမှာ လေ့လာရင်း၊  သင်ယူရင်း၊ ဝေမျှရင်း ကောင်းမွန်သစ်လွင်တဲ့နေ့တွေ  အများကြီးဖန်တီးကြည့်ပါ။ ကျေနပ် စရာကောင်းပြီး  စိတ်ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့နေ့ရက်များစွာ ပိုင်ဆိုင်ရပါလိမ့်မယ်။''

ဒစ်ဂျစ်တယ်ဆိုတာ Binary Code နည်းပညာတွေကို အသုံးပြုပြီး မိမိတို့လိုလားသော၊ လိုအပ်သော အချက် အလက်တွေကို အချိန်၊  ရုပ်ပုံ၊ အသံ၊ စာဖိုင်များ၊ ဗီဒီယိုများ အစရှိသဖြင့် သိမ်းဆည်းနိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်း၊ ပို့ဆောင်ပေးနိုင်ခြင်းတို့ဖြစ်သည်။ ယနေ့လူငယ်များအနေဖြင့်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အကျွမ်း တဝင်ဖြစ်အောင်လေ့လာဆည်းပူးကာ ကမ္ဘာလောကစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ကြပါစေကြောင်း  ဆန္ဒပြုရင်း''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့'' ကို  ဂုဏ်ပြုလိုက်ရပါသည်။   ။

Source- Myawady Webportal