အမေရိကန် ပရန်စတန်တက္ကသိုလ်မှ ပါမောက္ခဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ ပါမောက္ခဂျီရိုဖရီဟင်တန်တို့ ရူပ‌ဗေဒဆိုင်ရာ နိုဘယ်ဆုရရှိ

News Image

အမေရိကန် ပရန်စတန်တက္ကသိုလ်မှ  ပါမောက္ခဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ ပါမောက္ခဂျီရိုဖရီဟင်တန်တို့ ရူပ‌ဗေဒဆိုင်ရာ နိုဘယ်ဆုရရှိ

ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်တို့အား ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ဉာဏ်ရည်တုနယ်ပယ်တွင် ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုနှင့် တီထွင်ဖန်တီးမှုများကို ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅) အဆင့်ရှိ ဟာရီကိန်းမုန်တိုင်း မီတန် ဦးတည်ချဉ်းကပ်လာ

News Image

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅) အဆင့်ရှိ ဟာရီကိန်းမုန်တိုင်း မီတန် ဦးတည်ချဉ်းကပ်လာ

ဝါရှင်တန် ‌အောက်တိုဘာ ၉

ဟာရီကိန်းမုန်တိုင်း မီတန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅)အဆင့်ရှိ မုန်တိုင်းအဖြစ် ဦးတည်ချဉ်းကပ်လာနေကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။