လာအိုနိုင်ငံ၌ ကျောင်းထွက်နှုန်းမြင့်မားမှုနှင့် ဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရေး စီစဉ်ဆောင်ရွက်

News Image

လာအိုနိုင်ငံ၌ ကျောင်းထွက်နှုန်းမြင့်မားမှုနှင့် ဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရေး စီစဉ်ဆောင်ရွက်

လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံအတွင်း ‌ကျောင်းဆရာရှားပါးမှုနှင့် ‌ကျောင်းသားများ ‌ကျောင်းထွက်နှုန်းမြင့်မားမှုကို ဖြေရှင်းရန်အတွက် မူဝါဒများကို ထုတ်ပြန်သွားမည်ဖြစ်သည်။

လာအိုနိုင်ငံ ပညာရေးဌာနက ကျောင်းတက်ရောက်မှုနှုန်းတိုးတက်စေရေးအတွက် သင်တန်းများ ပိုမိုဖွင့်လှစ်သွားရန်နှင့် ရွေးချယ်စရာများ စိတ်ကြိုက်ပေးဆောင်နိုင်ရန်အတွက် အသက်မွေးဝမ်း ကျောင်းပညာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍများ လက်တွဲလုပ်ဆောင်ရန် ညွှန်ကြားချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်း တောင်ကိုရီးယားမောင်းသူမဲ့လေယာဉ်များ ထပ်မံတွေ့ရှိပါက မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်နည်း။

မြောက်ကိုရီးယားနိုင်ငံအတွင်း တောင်ကိုရီးယား မောင်းသူမဲ့လေယာဉ်များကို ထပ်မံတွေ့ရှိပါက ပြုံယမ်းအနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က အလေးပေးပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှတစ်ဆင့် အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဝါဒဖြန့်စာရွက်များကို ဖြန့်ဝေ

ဟစ်ဇ်ဘိုလာက အစ္စရေးအလယ်ပိုင်းသို့ မည်သည့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သနည်း။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းတွင် အစ္စရေးနိုင်ငံ အလယ်ပိုင်းသို့ ဒုံးကျည်ငါးစင်းခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း၊ တဲလ်အဗစ်မြို့ဝန်းကျင်တွင် ဥဩသံများကြားရသော်လည်း ထိခိုက်သေဆုံးသူမရှိကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။

တက်စလာကုမ္ပဏီ၏ မောင်းသူမဲ့စက်ရုပ်တက္ကစီ စမ်းသပ်ယာဉ်

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သည့် တက်စလာသည် ယာဉ်မောင်းမလိုသည့် စက်ရုပ်တက္ကစီစမ်းသပ်ယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါတက္ကစီတွင် စတီယာရင်နှင့် ခြေနင်းများ မပါဝင်ချေ။ တက်စလာက ထုတ်ဖော်ပြသသည့် လျှပ်စစ်ကား စမ်းသပ်ယာဉ်ကို ဆိုက်ဘာကပ်ဘ်ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ်ရှိ စတူဒီယိုတွင် အောက်တိုဘာ ၁၀ ရက်က ပြသခဲ့သည်။ တက်စလာစီအီးအို အီလွန်မက်ခ်စ်က အဆိုပါကားအတွင်း လိုက်ပါခဲ့သည်။