ပူတင်နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံမည်ဆိုက ဆွစ်က အိမ်ရှင်အဖြစ် တာဝန်ယူမည်ဆို
News Image

ရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဖွယ်ရှိသည့်အပေါ် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြောင်း၊ ယူကရိန်း၊ ရုရှားနှင့်အမေရိကန်တို့အကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် မည်သည့်သံတမန်ရေးရာ ကြိုးပမ်းမှုကိုမဆို ဆောင်ရွက်ပေးနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nicolas Bideau ကို ကိုးကား၍ ဆွစ်ဇာလန် နေ့စဉ်ထုတ်သတင်းစာ Le Temps က ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြထားပါသည်။