Face Unlock ပါဝင်လာမည့် မော်တော်ကားများ

News Image

Face Unlock ပါဝင်လာမည့် မော်တော်ကားများ

ကားအနီးရောက်သည်နှင့် ကားတံခါးကို အလိုအလျောက်ဖွင့်နိုင်မည့် စမတ်ဖုန်းများတွင်ပါဝင်သည့် Face Unlock နည်းပညာသည် ကားများတွင် ပါဝင်လာတော့မည် ဖြစ်ပါသည်။ 

နာမည်ကြီး ကားတာယာကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါဝင်သည့်ကားများ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီက ၎င်းနည်းပညာကို“Intelligent Vehicle Experience Car With IQ” ဟု အမည်ပေးထားပါသည်။ 

ဇူကာဘတ်ကို စိတ်ပျက်ရကြောင်း ဘိုင်ဒန်ပြောဆို

News Image

ဇူကာဘတ်ကို စိတ်ပျက်ရကြောင်း ဘိုင်ဒန်ပြောဆို

Facekook ၊ Instagram၊ WhatsApp နဲ့ Threads Social Media များ၏ မိခင်ကုမ္ပဏီ Meta ၏ ပိုင်ရှင်ဖြစ်သူ မက်ခ်ဇူကာဘတ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စိတ်ပျက်ရကြောင်း ပြောဆိုလိုက်ပါသည်။ ဆိုရှယ်မီဒီယာများမှ ပြောဆိုမှုများကို အစိုးရပိုင်းအေဂျင်စီများက စောင့်ကြည့်ခြင်း၊ထိုးဖောက်ဝင်ရောက်ကြည့်ရှု့ခြင်းများ ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ဇူကာဘတ်က မဖြစ်သင့်ကြောင်း လူသိရှင်ကြား ပြောဆိုလာမှုအပေါ် သမ္မတဘိုင်ဒန်က ဇူကာဘတ်သည် အမေရိကန်၏ စံနှုန်းများနှင့်မကိုက်ညီကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ပြုလုပ်သည့် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသွားပါသည်။ 

Apple ၏ iPhone 17 Air သည် ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟုဆို

News Image

Apple ၏ iPhone 17 Air သည် ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟုဆို

Apple ကုမ္ပဏီမှ ထုတ်လုပ်မည့် အလွယ်တကူခေါက်နိုင်သည့် iPhone 17 Air သည် ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဈေးကွက်အတွင်းမှ သတင်းများအရ iPhone 17 Air သည် သာမန်စမတ်ဖုန်းများထက် ပိုမိုပါးလွှာပြီး ဖုန်း၏ အပါးလွှာဆုံးအပိုင်းမှာ ၅.၅ မီလီမီတာသာ ရှိသည်ဟုဆိုသည်။

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

News Image

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။