အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တောမီးလောင်မှုကြောင့် လူပေါင်း ၁၈၀,၀၀၀ ခန့် ဘေးကင်းရာသို့ ပြောင်းရွှေ့
News Image

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက် လောင်ကျွမ်း ခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံ ပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် လော့စ်အိန်ဂျလိစ် ဒေသ ၅ နေရာ ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်း ကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacifi