ပူတင်နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံမည်ဆိုက ဆွစ်က အိမ်ရှင်အဖြစ် တာဝန်ယူမည်ဆို

News Image

  • ပူတင်နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံမည်ဆိုက ဆွစ်က အိမ်ရှင်အဖြစ် တာဝန်ယူမည်ဆို

ရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဖွယ်ရှိသည့်အပေါ် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြောင်း၊ ယူကရိန်း၊ ရုရှားနှင့်အမေရိကန်တို့အကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် မည်သည့်သံတမန်ရေးရာ ကြိုးပမ်းမှုကိုမဆို ဆောင်ရွက်ပေးနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nicolas Bideau  ကို ကိုးကား၍ ဆွစ်ဇာလန် နေ့စဉ်ထုတ်သတင်းစာ Le Temps က ဇန်နဝါရီ ၁၂ ရက်နေ့တွင်  ဖော်ပြထားပါသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတနှင့်တွေ့ဆုံရန် စတင်ပြင်ဆင်နေကြောင်း ဇန်နဝါရီ ၁၀ ရက်က ကြေညာထားသလို ရုရှားသမ္မတ ပြောရေးဆိုခွင့်ရသူ Dmitry Peskov က ရုရှားသမ္မတက ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြောင်း နောက်ပိုင်းတွင် ပြောကြားလာပါသည်။

ကိုးကား -TASS