တရုတ်ကုမ္ပဏီများက ယူအေအီးနိုင်ငံ၏ သန့်စင် စွမ်းအင်အသွင်ကူးပြောင်းမှုကို အားဖြည့်ပံ့ပိုးလျက်ရှိ

News Image

မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင် ဖွံ့ဖြိုးရေးအတွက် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ယူအေအီး၏ စွမ်းအင်ပေါင်းစပ်အသုံးပြုမှုကို အထိ ရောက်ဆုံးဖြစ်စေရန် အကူအညီပေးခဲ့သလို တရုတ်-ယူအေအီး အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ ကန္တာရ ထဲ၌ ပေါ်ထွန်းလာသည့် အကြီးစား နေရောင်ခြည် စွမ်းအင်စီမံကိန်းများမှသည် ပထမဆုံး လေစွမ်းအင် သရုပ်ပြစီမံကိန်းများအထိ ယူအေအီးနိုင်ငံ၏ စွမ်းအင် အသွင်ကူးပြောင်းမှုတွင် တရုတ်နိုင်ငံ၏ နည်းပညာနှင့် ကျွမ်းကျင်မှုတို့က အ

မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင်ဖွံ့ဖြိုးရေးအတွက် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ယူအေအီး၏ စွမ်းအင်ပေါင်းစပ်အသုံးပြုမှုကို အထိရောက်ဆုံးဖြစ်စေရန် အကူအညီပေးခဲ့သလို တရုတ်-ယူအေအီး အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ ကန္တာရထဲ၌ ပေါ်ထွန်းလာသည့် အကြီးစားနေရောင်ခြည် စွမ်းအင်စီမံကိန်းများမှသည် ပထမဆုံး လေစွမ်းအင်သရုပ်ပြစီမံကိန်းများအထိ ယူအေအီးနိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းမှုတွင် တရုတ်နိုင်ငံ၏ နည်းပညာနှင့်ကျွမ်းကျင်မှုတို့က အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ 

၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

News Image

၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်‌ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။&nbs

ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ကြောင့် အမေရိကန်တွင် ဓာတ်ငွေ့ဈေးနှုန်းတက်လာဖွယ်ရှိကြောင်း ဘိုင်ဒင်ပြောကြား

News Image

ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ကြောင့်   အမေရိကန်တွင် ဓာတ်ငွေ့ဈေးနှုန်းတက်လာဖွယ်ရှိ

ဇန်နဝါရီလ ၁၀ ရက်နေ့က အမေရိကန်အစိုးရမှ အတည်ပြုလိုက်သော ရုရှားစွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်အရ အမေရိကန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း၊ ဓာတ်ငွေ့ဈေးမှာ တစ်ဂါလံကို ၃ - ၄ ဆ လောက် တက်လာနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

News Image

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။