အီသီယိုးပီးယားနိုင်ငံတွင် ပထမဆုံးစတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်

News Image

အီသီယိုးပီးယားနိုင်ငံတွင် ပထမဆုံးစတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်

အဒစ်အဘာဘာ   ဇန်နဝါရီ ၁၂

အီသီယိုးပီးယားနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံ၏ ပထမဆုံး စတော့ရှယ်ယာဈေးကွက်ကို ဇန်နဝါရီ ၁၀ ရက်က ဝန်ကြီးချုပ် အာဗေအာမက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်သည် နိုင်ငံစီးပွားရေးအတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်

News Image

MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်
MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်
MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်

နေပြည်တော် ဇန်နဝါရီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရ

News Image

အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရ

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မှာ မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရခဲ့ရာ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးလိုက်ရကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၀)ရက်၊ ည (၇)နာရီအချိန်ခန့်က အောင်ပန်း-ပင်းတယသွား ကားလမ်းပေါ် ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။

အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ

Posted_Date

Image

အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ

Body

ယနေ့ခေတ်တွင်အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ လွန်စွာရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏အသွင်အပြင်၊ မိမိကိုယ်ကိုလေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုး တို့တွင် အလှအပရေးရာခွဲစိတ်ပြုပြင်မှုများပြုလုပ်နိုင်ပါသည်။အသားအရည်တင်းရင်းစေရန် Botox ထိုးခြင်း၊ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း၊ ဓါတုဆေးအသုံးပြု၍ မျက်နှာပြင်အ‌ရေပြားပေါ်မှ အရေပြားဆဲလ်သေကို ကွာကျစေကာကျန်းမာသောဆဲလ်တွေကို ပြန်လည် တည်ဆောက်စေခြင်း (Chemical Peeling)၊ မေးရိုးပြုပြင် ခွဲစိတ်ခြင်း၊ သွားအလှပြုပြင်ခြင်း၊ စက်ကိရိယာသုံး၍ အပေါ်ယံဆဲလ်သေအလွှာဖယ်ရှားခြင်း (Dermabrasion)၊ နဖူးမြှင့်တင်ပြုပြင်ခွဲစိတ်ခြင်း၊မျက်ခွံခွဲစိတ်ခြင်း စသည်တို့သည် အများဆုံးပြုလုပ်ကြသည့်အလှအပရေးရာ ခွဲစိတ်မှုများ ဖြစ်ပါသည်။

အလှအပရေးရာခွဲစိတ်မှုမှာလည်းအခြားသောခွဲစိတ်မှုများကဲ့သို့ပင် ၎င်းနှင့် ဆက်စပ် သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများ ရှိပါသည်။ နှစ်ကာလကြာမြင့် လာသည် နှင့်အမျှ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နည်းစနစ်များ တိုးတက်လာသည့်အတွက်  အလှအပရေးရာခွဲစိတ်မှုဟာ ပိုမိုဘေးကင်းလာသော်လည်း ခွဲစိတ်မှုလုပ်ငန်းစဉ်ကိုမဆောင်ရွက်မီ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်ပြီး ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါများသည် အလှအပရေးရာခွဲစိတ်မှု၏ ဆက်စပ်အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများတွင်ပါဝင်ပါသည်။

  • မေ့ဆေးအန္တရာယ်

ခွဲစိတ်မှုတိုင်းတွင်မေ့ဆေး၏နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဓာတ် မတည့်သည့် တုံ့ပြန်မှုများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မေ့ဆေး အပေါ် ဆိုးရွားသော တုံ့ပြန်မှုတို့ ကြုံတွေ့ရနိုင်ပါသည်။

  • ပိုးဝင်ခြင်း 

အခြားခွဲစိတ်မှုများကဲ့သို့ပင်ခွဲစိတ်ရာနေရာ၌ ရောဂါပိုးဝင် ရောက်နိုင်ခြေရှိပါသည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် သင့်လျော်သော စောင့်ရှောက်မှုပေးခြင်းသည် ဤဆိုး ကျိုးကို နည်းပါးအောင် ကူညီပေးနိုင်ပါသည်။

ခွဲစိတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူတစ်ဦးချင်းစီ၏ အနာကျက်ခြင်း ဖြစ်စဉ်တို့ အပေါ် မူတည်၍ အမာရွတ်ဖြစ်ပေါ်နိုင်ပါသည်။ အမာရွတ်ဖြစ်ပေါ်မှုကို နည်းနိုင်သမျှ နည်းအောင်လျော့ချနိုင်ဖို့  မည်သို့ပင် ကြိုးပမ်းစေကာမူ လုံးလုံးလျားလျား ဖယ်ရှားရန်အမြဲတမ်းမဖြစ်နိုင်ပါ။

  • သွေးလုံး(Hematoma )နှင့် သွေးရည်ကြည်အလုံး( Seroma ) 

ခွဲစိတ်ထားသောနေရာရှိအရေပြားအောက်တွင် သွေးများစုဝေးခြင်းကြောင့်သွေးလုံး(Hematoma) သို့မဟုတ် အရည်များစုဝေးလာခြင်းကြောင့်သွေးရည်ကြည်အလုံး (Seroma) များဖြစ်ပေါ်နိုင်သည်။ ၎င်းတို့ ဖြစ်ပေါ်လာပါက ဖောက်ထုတ်ရခြင်း (သို့မဟုတ်) အခြားသောကုသမှုများ လိုအပ်နိုင်သည်။

  • အာရုံကြောထိခိုက်မိခြင်း

အလှအပရေးရာခွဲစိတ်မှုသည် တစ်ခါတစ်ရံတွင် အာရုံကြောများကို ယာယီ (သို့မဟုတ်) အမြဲတမ်း ပျက်စီးစေကာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ထိခိုက်မိသောနေရာ၌ အာရုံ ခံစားမှု ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပါသည်။

  • ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာခွဲစိတ်မှုတစ်ခုစီတိုင်းတွင်၎င်းတို့နှင့်ဆက်စပ်သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများရှိပါသည်။ဥပမာအားဖြင့် ရင်သားအလှပြုပြင် ခွဲစိတ်ခြင်း တွင် ထည့်သွင်းထားသော ရင်သားတု ပေါက်ပြဲခြင်း၊ ရင်သားတုတဝိုက်တွင် အနာရွတ် တစ်သျှူးများ မာကျောလာခြင်းကြောင့် ရင်သားတောင့်တင်း၍ ကျုံ့လာခြင်းနှင့် ရင်သားအာရုံခံစားမှု ပြောင်းလဲခြင်းစသည့် နောက်ဆက်တွဲဘေးအန္တရာယ်များ ရှိနိုင် ပါသည်။

  • ခွဲစိတ်ပြီးရလဒ်ကို စိတ်တိုင်းမကျခြင်း

အလှအပရေးရာနှင့်ပတ်သက်၍ခွဲစိတ်ဆရာဝန်သည် အစွမ်းကုန် အားစိုက်ထုတ်စေ ကာမူ ခွဲစိတ်ပြီးရလဒ်သည် လူနာ၏ မျှော်မှန်းချက်အား ပြည့်မီနိုင်လေ့မရှိပေ။၎င်းမှတဆင့် စိတ်မကျေနပ်မှုနှင့် စိတ်တိုင်းမကျမှုများဖြစ်ပေါ်စေနိုင်ပြီး ခွဲစိတ်ပြီး ရလဒ်ကို ပြုပြင်ရန် (သို့မဟုတ်) ပိုမိုကောင်းမွန်စေရန်အတွက်  နောက်ထပ်ခွဲစိတ်မှုလုပ်ငန်းစဉ်များ လိုအပ်လာနိုင်သည်။

  • စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု

အချို့သောသူများသည် အလှအပရေးရာခွဲစိတ်ပြုပြင်ပြီးနောက် စိတ်ဓာတ်ကျခြင်း၊စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ချို့ယွင်းချက်များအပေါ် အလွန်အမင်း အာရုံစူးစိုက်သည့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများ ခံစားရနိုင်ပါသည်။

  • ရေရှည်နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာအများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပြေလည်သွားသော်လည်း၊ အချို့ဆိုးကျိုးများမှာ ဆက်လက်တည်ရှိနေခြင်းသို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် နောက်ပိုင်းတွင် အပိုဆောင်းကုသမှုများ သို့မဟုတ် ခွဲစိတ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ထို့ကြောင့် အလှအပရေးရာခွဲစိတ်မှုတွင် ဘေးကင်းရေးသည် ပြုပြင်ခွဲစိတ်မှုခံယူလိုသူတိုင်းအတွက် အရေးကြီးသောအချက်ဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုကိုပြုလုပ်မည်ဟု စဉ်းစားဆုံးဖြတ်သောအခါတွင်  လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် မျော်မှန်းချက် များပေါ်မူတည်၍ တတ်ကျွမ်းနားလည်သည့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်သည်အထိ သိရှိလိုသည့် မေးခွန်းများမေးမြန်းကာ ဆောင်ရွက်သင့်ပေသည်။

ထို့အပြင် မိမိ၏ ကျန်းမာရေးအခြေအနေအပြင် ရရှိနိုင်သည့်အန္တရာယ်များ၊ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများ၊မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး နောက်လိုက်နာရမည့် ညွှန်ကြားချက်များကို သိရှိထားရမည်။ မိမိ ခွဲစိတ်မှု ပြုလုပ်မည့်နေရာ၊ အဆောက်အဦနှင့်ပတ်သက်သည့်တရားဝင်အသိအမှတ်ပြုထားမှု၊ သုံးသပ်ချက်များနှင့်သက်သေခံချက်များကို လေ့လာထားရမည်။ လက်တွေ့ကျသော အစီအစဉ်များ ဆောင်ရွက် ထားရှိမှုတို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိ ထားခြင်းသည် ဘေးအန္တရာယ်ကင်းမှုကို သေချာစေသည့် မရှိမဖြစ်လိုအပ်သော အကြံပြုချက်များဖြစ်သည်။ ပြုပြင်ခွဲစိတ်မှုလုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းတစ်ခုသည် ခွဲစိတ်မှု ခံယူမည့်သူ၏ အသိပေးသဘောတူညီချက်ရယူမှုဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုအတွက် ဘေးကင်းသော ရွေးချယ်မှုပြုလုပ်ရန် လိုအပ်သော အချက်အလက်အားလုံး သိရှိထားရပေမည်။သို့ဖြစ်ပါ၍ အလှအပရေးရာ ခွဲစိတ်မှုဆိုင်ရာ ဘေးအန္တရာယ်များကို သတိထားကြစေရန် ထပ်မံဖြည့်စွက် အသိပေးရေးသားလိုက်ရပါသည်။ 

Photo: Pinterest