၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်
၂၀၂၅ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် လာမည့် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Zhang Jun က ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နှစ်ပတ်လည် ကွန်ဖရင့်သို့ တက်ရောက်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဝန်ကြီးအဆင့် တာဝန်ရှိသူများ၊ Fortune Global 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ နာမည်ကျော် ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မည်ဟု အတည်ပြုထားပြီးဖြစ်ကြောင်း Zhang က ဆိုသည်။
ကိုးကား - ဆင်ဟွာ
Photo: www.bastillepost.com
MM-News-Category