အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရ

News Image

  • အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရ

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မှာ မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရခဲ့ရာ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးလိုက်ရကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၀)ရက်၊ ည (၇)နာရီအချိန်ခန့်က အောင်ပန်း-ပင်းတယသွား ကားလမ်းပေါ် ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။

“အရင်အမှိုက်ပုံ နေရာအနီးလမ်းမ (အင်းပြင်) မှာ ဆိုင်ကယ်နဲ့ သဲတင်ကား မျက်နှာချင်းဆိုင်တိုက်မိတာ ဆိုင်ကယ်က မီးလောင်းသွားခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်”ဟု အသင်းက ဆိုထားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား တစ်ဦးအား နာရေးကူညီမှုအသင်း (အောင်ပန်း)မှ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Source: Popular Myanmar