Greenland ကိုအမေရိကန်ထိန်းချုပ်ခြင်းသည် စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း ရုရှားထိပ်တန်း အမတ်ပြော

News Image

Greenland ကိုအမေရိကန်ထိန်းချုပ်ခြင်းသည် စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း ရုရှားထိပ်တန်း အမတ်ပြော

အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့်၏ Greenland ကျွန်းကိုဝယ်ယူမည်ဟူသော ပြောကြားချက်အပေါ် အမေရိကန်အနေနှင့်ရုရှားအား စစ်ရေးအရ ခြိမ်းခြောက် ရန်အတွက်အသုံးပြုရန်ဖြစ်နိုင်ကြောင်း State Duma Defense Committee ဥက္ကဌ Andrey Kartapolov က ပြောကြားခဲ့သည်။

Greenland သည် အာတိတ်ဒေသ၏ ကျယ်ပြန့်သောဧရိယာကို စိုးမိုးထားပြီး ဥရောပသို့ တိုက်ရိုက်ဝင်ရောက် နိုင်သည့် အခွင့်အလမ်းရှိရာနေရာဖြစ်နေခြင်းကြောင့် ရုရှားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာ

News Image

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြင့် ၁၀ ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ရာ ဇန်နဝါရီလနောက်ပိုင်း ယင်းရောဂါဖြင့် သေဆုံးသူ ၁၀၉၆ ဦးရှိလာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦး၊ စက်တင်ဘာလက ၃၉၆ ဦး နှင့် အောက်တိုဘာလက ၁၀၇ ဦးတို့သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနက ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ချော်ရည်ပူများပန်းထွက်မှုကြောင့် မီးတောင်သတိပေးချက်ထုတ်ပြန်

News Image

 အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ချော်ရည်ပူများပန်းထွက်မှုကြောင့် မီးတောင်သတိပေးချက်ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ ရိုဂျာကာတာပြည်နယ်အထူးဒေသ၊ လူဦးရေထူထပ်သောမြို့တော်အနီးတွင်တည်ရှိသော မီရာပီမီးတောင်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ချော်ရည်ပူများပန်းထွက်မှုဖြစ်ပေါခဲ့သည်။

အဆိုပါမီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ငါးကြိမ်ရှိပြီဖြစ်ပြီး ချော်ရည်ပူများပန်းထွက်မှု မီတာ ၁၉၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ အနီးနားရှိဒေသခံများ ဘေးကင်းစေရန် မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ်လျော့ပါးရေးစင်တာက မီးတောင်သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းရ

News Image

 အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းရ

အမေရိကန်နိုင်ငံ၏ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သော တက္ကဆက်ပြည်နယ်တွင် ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက တက္ကဆက်ပြည်နယ်လေဆိပ်များရှိ လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက ပြောကြားသည်။

အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက်မနက်ပိုင်းအထိ ထိုပြည်နယ်၏အဓိကလေဆိပ်များတွင် လေကြောင်းခရီးစဉ်ပေါင်း ၁၃၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက အချက်အလက်ဖော်ပြထားသည်။