ထရန့်၏ ဂရင်းလန်းကို ပိုင်ဆိုင်လိုမှုအပေါ် ရုရှား အနီးကပ်စောင့်ကြည့်နေ

News Image

ထရန့်၏ ဂရင်းလန်းကို ပိုင်ဆိုင်လိုမှုအပေါ်   ရုရှား အနီးကပ်စောင့်ကြည့်နေ

ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ် စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ   Dmitry Peskov  က ပြောကြားလိုက်ပါသည်။ 

“ကျွန်တော်တို့ ဒီကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်၊ ကြေညာချက်ထုတ်ပြန်ဖို့ အဆင့်ပဲ ကျန်နေပါတယ်” လို့ သူက ကြာသပတေးနေ့တွင် မော်စကို၌   ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

News Image

ရုရှားသမ္မတနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း  ဒေါ်နယ်ထရန့် ပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မိမိစီစဉ်နေကြောင်း၊ မည်သည့်အချိန်၌ တွေ့ဆုံကြမည်ဆိုသည်ကို မသတ်မှတ်ရသေးကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် သူ၏ Mar-a-Lago အပန်းဖြေစခန်း၌ မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ 

ထိုကိစ္စနှင့်ပတ်သက်၍ TASS သတင်းဌာနက ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကို မေးမြန်းရာ မိမိတို့ခေါင်းဆောင်နှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံရန် တရားဝင် ညှိနှိုင်းလာခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။ 

Trump ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်သမ္မတ Xi Jinping က အဆင့်မြင့်သံတမန်စေလွှတ်မည်ဟု Financial Times က ဖော်ပြ

News Image

Trump ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်သမ္မတ Xi Jinping က အဆင့်မြင့်သံတမန်စေလွှတ်မည်ဟု Financial Times က ဖော်ပြ

တရုတ်နှင့်အမေရိကန်တို့အကြား ပွတ်တိုက်မှုများ လျော့ကျစေရန် ရည်ရွယ်လုပ်ဆောင်သည့်အနေဖြင့် တရုတ်သမ္မတ Xi Jinping သည် Donald Trump ၏ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အဆင့်မြင့် သံတမန်တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း Financial Times သတင်းစာတွင် ဖော်ပြထားပါသည်။

မစ္စတာ Xi အစား ထိပ်တန်းအရာရှိတစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက Trump ၏ အသွင်ကူးပြောင်းရေးဆိုင်ရာအဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ၎င်းသတင်းစာက ဆိုပါသည်။

ICC ကို ပိတ်ဆို့အရေးယူမည့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု

News Image

ICC ကို ပိတ်ဆို့အရေးယူမည့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant တို့ကို တရားစီရင်ရေးအဖွဲ့၏ ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။