အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြား
News Image

လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် စတင်၍ တရုတ်ကုန်ပစ္စည်းများကို အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၂ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားလိုက်မှုအပေါ် အကောက်ခွန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်းက ထပ်လောင်း ပြောကြားလိုက်ပါသည်။