ယူကရိန်းသမ္မတ ဇီလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိဟုဆို
ယူကရိန်းသမ္မတ ဇီလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ပူတင်နှင့်တိုက်ရိုက်ဆွေးနွေးရန်အသင့်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။
သို့သော် ဆွေးနွေးမှု၏ ရလဒ်များ၌ ယူကရိန်း၏ အနာဂတ်လုံခြုံရေးအာမခံချက်များအတွက် အမေရိကန် က ကြားဝင်ညှိနှိုင်းပေးရန် အရေးကြီးကြောင်း ပြောဆိုခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။
Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံများနှင့်အတူ Kherson နှင့် Zaporozhye ဒေသများသည် တရားဝင်ဆန္ဒခံယူပွဲရလဒ်များကြောင့် ရုရှား၏ အစိတ်အပိုင်းဖြစ်လာပြီးသည့်နောက် Zelensky သည် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် မည်သည့်ညှိနှိုင်းမှုမျှ မပြုဟု တားမြစ်ထားသောအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga က အဆိုပါအမိန့်သည် အသက်ဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း Bloomberg နှင့် အင်တာဗျူးတစ်ခုတွင် Zelensky သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားပြောင်းလဲသွားကြောင်းယူဆရပြီးအေဂျင်စီ၏ အဆိုအရ ယခုအခါ ယူကရိန်း ခေါင်းဆောင်သည် ပူတင်နှင့်မဆွေးနွေးမီ ယူကရိန်း၏ အနာဂတ်လုံခြုံရေးအာမခံချက်များအတွက် Trump ထံမှ ကတိကဝတ်တစ်ခုရယူလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား-RT