အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု

News Image

အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု

အမေရိကန်အစိုးရအသစ်အနေဖြင့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သွားရောက် လည်ပတ်သင့်သောခရီးစဉ်တစ်ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသိပေး

News Image

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သွားရောက် လည်ပတ်သင့်သောခရီးစဉ်တစ်ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသိပေး

မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သည် သွားရောက်လည်ပတ်သင့်သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် အသိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအတိုင်း မပျက်စီးသေးဘဲ ရေမြေတောတောင်သဘာဝအလှအပများဖြင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ကမ္ဘာက အသိအမှတ်ပြုသည့် ခရီးစဉ်ဒေသများစွာရှိကြောင်း သိရသည်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ထပ်မံ ဖြန့်ကျက်ချထား

News Image

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ထပ်မံ ဖြန့်ကျက်ချထား

တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့များကို ကူညီရန်အတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က တပ်ဖွဲ့ဝင်များကို မက္ကဆီကိုနှင့် ထိစပ်နေသောနယ်စပ်နေရာများ၌ ထပ်မံဖြန့်ကျက် ချထားခဲ့ကြောင်းသိရပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိန်းချုပ်ရန်ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်တွင် စစ်သည်ဦးရေ (၁၅၀၀)အား ထပ်မံဖြန့်ကျက်ချထားရန် အမိန့်အား ဒေါ်နယ်ထရမ့်က လက်မှတ်ရေး

ပါလက်စတိုင်း ကျန်းမာရေးလုပ်သားများ အစ္စရေး အကျဉ်းစခန်းများထဲ၌ ရှိနေဆဲဟုဆို

News Image

ပါလက်စတိုင်း ကျန်းမာရေးလုပ်သားများ အစ္စရေး အကျဉ်းစခန်းများထဲ၌ ရှိနေဆဲဟုဆို

မကြာသေးမီက ဟားမက်စ်နှင့်ဓားစာခံလဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေးကျွမ်းကျင်သူ အများအပြားကို ညှဉ်းပန်းနှိပ်စက်မှုသတင်းများ ပေါ်ထွက်လာပြီး အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရပါသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဒေါက်တာ အဘူဆာဖီယာဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးကာ နာမည်ဆိုးဖြင့်ကျော်ကြားသော ဆဒီတောမန် အကျဉ်းစခန်း (အစ္စရေး၏ ဂွာတာနာမိုပင်လယ်အော်ဟု အမည်ပေးထားသည့်) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။