Yangwang U9 sports supercar သို့မဟုတ် အတားအဆီးများ၊ ချိုင့်များကို ခုန်ကျော်မောင်းနှင်နိုင်သည့် BYD ကုမ္ပဏီ၏ ပထမဆုံးသောစူပါပြိုင်ကား
News Image

တရုတ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့်BYD မှ ထုတ်လုပ်ထားသည့် Yangwang U9 စူပါပြိုင်ကားသည် တရုတ်နိုင်ငံရှိဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီးနောက်ငါးလအတွင်း အစီးပေါင်း ၁၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန် သည်။
အဆိုပါ Yangwang U9 စူပါ ပြိုင်ကားသည် BYD ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်ခဲ့သည့်ပြိုင်ကားဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အဆင့်မြင့် ဟိုက်ဒရောလစ်စနစ်ကားကိုယ်ထည်ထိန်းချုပ်မှုနည်းပညာတပ်ဆင်ထားသည့် ပြိုင်ကားလည်းဖြစ်သည်။