သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒများကို ချိုးဖောက်သဖြင့် Linkedin ကို တရားစွဲ

News Image

  • သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒများကို ချိုးဖောက်သဖြင့် Linkedin ကို တရားစွဲ

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သော Linkedin သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်များကို တတိယအဖွဲ့အစည်းဖြစ်သည့် အခြားနည်းပညာကုမ္ပဏီများထံပေးပို့၍ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် Linkedin အထူးသုံးစွဲသူများ ( Premium users ) ကိုယ်စား အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးက တရားစွဲဆိုထားပါသည်။ 

AI လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်၍ Linkedin သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်များကို အသုံးပြုမည်ဟု ပြောကြား၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ ပြောင်းလဲလိုက်ပြီး တစ်လအကြာတွင် ထိုလုပ်ရပ်ကို ဖုံးကွယ်ထားသည့် Microsoft ပိုင်ဆိုင်သည့် ကုမ္ပဏီကိုလည်း တရားစွဲဆိုထားပါသည်။

သို့သော် အကယ်၍ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သုံးစွဲခွင့်မပေးလိုပါက ငြင်းဆိုနိုင်ကြောင်း မေးမြန်းခြင်းကဏ္ဍတွင် ထည့်သွင်းဖော်ပြထားခြင်းကလည်း Linkedin က ၎င်းတို့၏ လုပ်ရပ်အတွက် အကာအကွယ်ယူထားမှု  ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါသည်။

“တရားစွဲဆိုချက်များက ကျိုးကြောင်းဆီလျော်မှုမရှိသော စွပ်စွဲချက်များသာဖြစ်ပါကြောင်း” Linkedin မှ တာဝန်ရှိသူက BBC ကို ပြောကြားထားပါသည်။

ကိုးကား-BBC