ပြည်ပအခြေစိုက် သံရုံးဝန်ထမ်းများ လျှော့ချရေးအစီအစဉ်ကို ထရမ့် အစိုးရစတင်ဟု အမေရိကန် မီဒီယာများဆို
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ကမ္ဘာလုံး ဒေသအသီးသီးရှိ အမေရိကန်သံရုံးများ ဝန်ထမ်းလျှော့ချရေးအစီအစဉ်ရေးဆွဲရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ (ABC) သတင်းဌာနက ယင်းနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်သံရုံးများအနေဖြင့် ဝန်ထမ်းအားလုံး၏ အမည်စာရင်းနှင့် ခန့်အပ်ထားမှုအခြေအနေအားတင်ပြရန်တောင်းဆိုခဲ့ပြီး သံရုံးများကလည်း တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသားဝန်ထမ်းနှင့် ဒေသတွင်းခန့်အပ်ထားသော ဝန်ထမ်းများအား လျှော့ချသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။