(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) စတင်

News Image

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) စတင်

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Hotel Bayerischer Hof တွင် တရားဝင်စတင်ခဲ့ပြီး ကမ္ဘာ့ပြဿနာများကို ဆွေးနွေးရန် အဆင့်မြင့်နိုင်ငံရေးသမားများ၊ ဆန်းစစ်သူများ၊ အနောက်နိုင်ငံမီဒီယာများနှင့် လုံခြုံရေးကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ယူကရိန်းပဋိပက္ခကို အဓိကထား ဆွေးနွေး ကြမည်ဖြစ်သည်။

သမ္မတ Vladimir Putin ၏ ၂၀၀၆ ခုနှစ်က NATO ၏ချဲ့ထွင်မှုကို သတိပေးခဲ့သည့် ကျော်ကြားသောမိန့်ခွန်းပြောကြားခဲ့ရာ ဤညီလာခံသို့ ရုရှား အရာရှိများကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန်ညွှန်ကြား

News Image

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန်ညွှန်ကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ သံရုံးများအား ဝန်ထမ်းအင်အား လျှော့ချနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း ABC News နှင့် Reuters သတင်းဌာနများက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ဖော်ပြခဲ့သည်။ Reuters သတင်းဌာန၏ ထုတ်ပြန်ချက်အရ အချို့သံတမန်ရေးရာကိုယ်စားလှယ်များအား အမေရိကန်နှင့် ဒေသတွင်း ခန့်ထားသော ဝန်ထမ်းများကို ၁၀% အထိ လျှော့ချရန် ညွှန်ကြားထားကြောင်း သိရသည်။

ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် လူပေါင်း ၇၀၀၀ကို (BGF) ပြန်လွှတ်ပေးဖွယ်ရှိနေ

News Image

ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် လူပေါင်း ၇၀၀၀ကို (BGF) ပြန်လွှတ်ပေးဖွယ်ရှိနေ

မြန်မာနယ်ခြားစောင့်တပ်ဖွဲ (BGF)အနေဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ သို့မဟုတ် ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံရသူ အနည်းဆုံး ၇၀၀၀ ကို ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း သိရသည်။ (BGF)သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းမည်ဖြစ်ပြီး အရေးယူအပြစ်ပေးနိုင်ရန် တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ကတိပြုထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောသည်။

ဆူဒန်၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆူဒန်နှင့် ရုရှားအစိုးရတို့သဘောတူ

News Image

ဆူဒန်၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆူဒန်နှင့် ရုရှားအစိုးရတို့သဘောတူ

ဆူဒန်နိုင်ငံ၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆွေးနွေးမှုများ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီး Ali Youssef Ahmed Al-Sharif က ထုတ်ပြန်ကြေညာခဲ့ပါသည်။

Ali Youssef Ahmed Al-Sharif က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဤကိစ္စသည် လွန်စွာရိုးရှင်းကြောင်းနှင့် အားလုံးသဘောတူညီပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။