ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို လွှဲပြောင်းပေးရန် စီစဉ်နေ
News Image

ကရင်ပြည်နယ်၊ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကို နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြေ