ဥရောပ၏ အဓိကခြိမ်းခြောက်မှုမှာ ဥရောပအတွင်းမှသာ ဖြစ်ကြောင်း အမေရိကန်-ဒုသမ္မတ သတိပေး

News Image

ဥရောပ၏ အဓိကခြိမ်းခြောက်မှုမှာ ဥရောပအတွင်းမှသာ ဖြစ်ကြောင်း အမေရိကန်-ဒုသမ္မတ သတိပေး

ဥရောပနိုင်ငံများ၏ အဓိကခြိမ်းခြောက်မှုမှာ တရုတ်နှင့် ရုရှားတို့ မဟုတ်ဘဲ ဥရောပနိုင်ငံများထဲမှသာ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြောင်း ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မြူးနစ်လုံခြုံရေး ညီလာခံတက်ရောက်နေသူ အမေရိကန်ဒုတိယသမ္မတ JD Vance က ဖေဖော်ဝါရီ ၁၄ ရက်တွင် သတိပေးပြောကြားလိုက်ပါသည်။

ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဂျပန်အထက်လွှတ်တော်အမတ် တိုက်တွန်း

News Image

ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဂျပန်အထက်လွှတ်တော်အမတ် တိုက်တွန်း

ရုရှားနိုင်ငံအပေါ် ဂျပန်နိုင်ငံက အရေးယူပိတ်ဆို့ထားသော စီးပွားရေး လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အဆိုပါအရေးယူပိတ်ဆို့မှုမှ ဖယ်ရှားသင့်ကြောင်း ဂျပန်ပါလီမန်အထက်လွှတ်တော်အမတ် မူနီအိုဆူဇူကီက သတင်းထောက်များအား ပြောကြားလိုက်ပါသည်။ 

ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင်တို့ တယ်လီဖုန်းဆက်သွယ် ပြောဆိုမှုအပြီးတွင် မူနီအိုဆူဇူကီက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

နေတိုးအဖွဲ့ဝင် မဖြစ်က စစ်တပ်အင်အား ၁.၅ သန်းထိ တိုးချဲ့မည်ဟု ဇီလန်စကီး ပြောကြား

News Image

နေတိုးအဖွဲ့ဝင် မဖြစ်က စစ်တပ်အင်အား ၁.၅ သန်းထိ တိုးချဲ့မည်ဟု ဇီလန်စကီး ပြောကြား

ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်မလာပါက ယူကရိန်းစစ်တပ်ကို ၁.၅ သန်းအထိ တိုးချဲ့ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် တွင် မြူးနစ်မြို့၌ ယူကရိန်းသမ္မတဇီလန်စကီးက သတင်းထောက်များ နှင့်တွေ့ဆုံချိန် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

လက်ရှိယူကရိန်းစစ်တပ်အင်အားမှာ ၎င်း၏ တစ်ဝက်ခန့်သာရှိကြောင်း ၊ ထိုသို့အင်အားတိုးချဲ့မည်ဆိုပါက ကုန်ကျစရိတ် ဒေါ်လာ ၆၀ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားထားပါသည်။ 

ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်- မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးပြုလုပ်ဖွယ်ရှိ

News Image

ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်- မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးပြုလုပ်ဖွယ်ရှိ

အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်)တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပ ပြုလုပ် နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။