အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့စျေးအသက်သာဆုံး နေရာများထဲမှ အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံ

အမေရိကန်ခရီးသွားများအတွက် ကမ္ဘာ့ဈေးပေါသည့် နေရာများထဲတွင် အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံ ပါဝင်ပါသည်။ဤနိုင်ငံများသည် ဈေးနှုန်းသက်သာသည့် နေထိုင်စရာ၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်း ဆောင်တာများကြောင့် လူသိများပါသည်။ ထိုနိုင်ငံများမှာ-

၁။ ဗီယက်နမ်

Green Product ထုတ်ကုန်များကြောင့် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု သိသိသာသာမြင့်တက်

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ၊ လောင်စာဆီနှစ်မျိုးသုံး သင်္ဘော များသည် လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို သိသိသာသာ မြင့်တက်လာစေမည်ဖြစ်ကြောင်း၊ စက်မှုနှင့် လျှပ်စစ်တန်ဖိုးမြှင့်ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာ သုံးသပ်သူများက ပြောကြားထားပါသည်။ 

၁၀နှစ်သက်တမ်းရှိ ကာကွယ်ရေးသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးရန် မိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း ကြေညာ

News Image

၁၀နှစ်သက်တမ်းရှိ ကာကွယ်ရေးသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးရန် မိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း ကြေညာ

ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်၊။ ထိုသို့တွေ့ဆုံချိန် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ထို့ပြင် နှစ်နိုင်ငံအကြား ၁၀ နှစ်ကြာမြင့်မည့် ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်မူဘောင်အသစ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း ခေါင်းဆောင်နှစ်ဦးက ကြေညာလိုက်ကြပြီး ရက်အတိအကျ ပြောပြထားခြင်း မရှိချေ။

Trump က Putin အား ဦးစွာဖုန်းခေါ်ပြောဆိုခြင်းကို Zelenskyy ကျေနပ်မှုမရှိဟုဆို

News Image

Trump က Putin အား ဦးစွာဖုန်းခေါ်ပြောဆိုခြင်းကို Zelenskyy ကျေနပ်မှုမရှိဟုဆို

ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Donald Trump သည် ၎င်းနှင့် စကားမပြောမီ ရုရှားသမ္မတနှင့် ဦးစွာ ဖုန်းဆက်စကားပြောဆိုခြင်းကို မကျေနပ်ကြောင်း အရိပ်အမြွက် ပြောဆို လိုက်ပါသည်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသည် အမေရိကန်နှင့် နှစ်ဖက်ညှိနှိုင်းကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း Zelenskyy က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

Vladimir Putin နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့သည်ဟု Trump က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကြေညာခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ်သည့် စေ့စပ်ညှိနှိုင်းမှုများစတင်ရန် ၎င်းတို့နှစ်ဦး သဘောတူ ခဲ့ကြောင်း ဆိုပါသည်။