ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ် သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်

News Image

  • ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ် သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်

အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းသည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့မှုနှင့်အတူ တရုတ်ဘက်မှ တင်းမာသည့်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြတ်ကျော်ဝင်ရောက်မှုသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြတ်ကျော်ဝင်ရောက်မှု တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ်သင်္ဘောနှစ်စင်း ဖြတ်ကျော် ဝင်ရောက်မှုသည် လုံခြုံရေးအန္တရာယ်များကို တိုးမြင့်စေသည်ဟု တရုတ် အစိုးရက သတင်းထုတ်ပြန်ပြောဆိုခဲ့ပါသည်။ မဟာမိတ်နိုင်ငံများ၏ သင်္ဘောများနှင့်အတူ ရံဖန်ရံခါလိုက်ပါလေ့ရှိသော အမေရိကန် ရေတပ် သည် ထိုင်ဝမ်ရေလက်ကြားကို တစ်လလျှင်တစ်ကြိမ်ခန့် ဖြတ်သန်းလေ့ ရှိကြောင်းလည်း သိရှိရပြီး ထိုင်ဝမ်ရေလက်ကြားကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားခဲ့ပါသည်။ ထိုင်ဝမ်ရေလက်ကြား ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အမေရိကန်ရေတပ်သင်္ဘောများသည် Arleigh Burke- class ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Ralph Johnson နှင့် Pathfinder-class စစ်တမ်းသင်္ဘော USNS Bowditch တို့ဖြစ်သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ကိုးကား-NP News