ဆင်ထိန်းအို၏ နောက်ဆုံးဆန္ဒ ပြည့်ဝခဲ့

News Image

ဆင်ထိန်းအို၏ နောက်ဆုံးဆန္ဒ ပြည့်ဝခဲ့

ဩစတြေးလျရှိ Perth တိရစ္ဆာန်ရုံတွင် ဆင်ထိန်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ Grant Harris အမည်ရှိ အမျိုးသားတစ်ဦးသည် နေမကောင်းဖြစ်၍ ကွယ်လွန်ခါနီးအချိန်တွင် နောက်ဆုံးဆန္ဒအဖြစ် ၎င်းငယ်စဉ်က စောင့်ရှောက်ခဲ့ရသည့် Permai ဆင်ကို သွားရောက် နှုတ်ဆက်ရန် ဆန္ဒပြင်းပြနေခဲ့ပါသည်။

အမေရိကန်က ယူကရိန်းတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်းပြော

News Image

အမေရိကန်က ယူကရိန်းတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်းပြော

အမေရိကန်က ယူကရိန်းနိုင်ငံတွင် သမ္မတနှင့် လွှတ်‌တော်ရွေးကောက်ပွဲများကို ယခုနှစ်ကုန်၌ ကျင်းပစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန် ကိတ်ကယ်‌လော့၏ ပြောကြားချက်များကိုကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အစီရင်ခံစာအရ ကိတ်ကယ်လော့နှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများသည် ရုရှားနှင့်အလားအလာရှိသော အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း၌ ရွေးကောက်ပွဲများလုပ်ဆောင်နိုင်ရေး တောင်းဆိုရန်အတွက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

မန္တလေးမြို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို လိုက်လံသတ်ဖြတ်နေသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ

News Image

မန္တလေးမြို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို လိုက်လံသတ်ဖြတ်နေသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ

မန္တလေးမြို့အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကို လိုက်လံလုပ်ကြံသတ်ဖြတ်နေသည့် အကြမ်းဖက်လူသတ်သမား PDF များကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပနားမားသည် တရုတ်နှင့် BRI သဘောတူညီချက်ကို ဖျက်သိမ်း

News Image

ပနားမားသည် တရုတ်နှင့် BRI သဘောတူညီချက်ကို ဖျက်သိမ်း

တရုတ်နိုင်ငံ၏ Belt and Road Initiative တွင် ပနားမားမှ ၎င်း၏ ပူးပေါင်းပါဝင်မှုကို သက်တမ်းတိုးမည်မဟုတ်ကြောင်း သမ္မတ ဟိုဆေးရာအူးလ်မူလီနိုက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

 ၂၀ ရာစုအစောပိုင်းတွင် အမေရိကန်မှ တည်ဆောက်ခဲ့သော အဓိကရေလမ်းကြောင်းဖြစ်သည့် Panama Canal စီမံခန့်ခွဲမှုအားပြောင်းလဲရန် တောင်းဆိုခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် Mulino တို့ တွေ့ဆုံမှုအပြီးတွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ရေ လမ်းကြောင်းအပေါ် လွှမ်းမိုးမှုလွန်ကဲသည်ဟု ဝါရှင်တန် က ယုံကြည်လျက်သည်။