ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟုဟားမက်အဖွဲ့ ပြောကြား
News Image

အစ္စရေးနှင့် ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟု ဟားမက်အဖွဲ့၏ နိုင်ငံရေးရုံး ဒုတိယအကြီးအကဲ မူဆာအဘူမာဇွတ်က Sputnik သို့ပြောကြားသည်။
ဟားမက်အဖွဲ့သည် ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည့် အလက်ဇန္ဒား ထရူဖာနော့အား ရုရှားနိုင်ငံ၏ ပါလက်စတိုင်းအပေါ် ထားရှိသည့် ရပ်တည်ချက်သဘောထားကို တုံ့ပြန်သည့်အနေဖြင့် မကြာမီပြန်လွှတ် ပေးမည်ဖြစ်ကြောင်း မူဆာအဘူမာဇွတ်က ပြောသည်။