နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညို
News Image



နေပြည်တော် ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုသည်။