အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ရန် ကြံစည်နေသူ ဘင်္ဂါလီ ၂ ဦးကို ဖမ်းဆီး
News Image

အိန္ဒိယနိုင်ငံ၊ ထရိုင်ပူနာခရိုင်၊ Bishalgarh ခရိုင်ခွဲရှိ Madhupur ရွာထဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်သွားရောက်ရန် ကြံစည်နေသည့် ဘင်္ဂါလီ ၂ ဦးကို Madhupur ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂ရက်က ရုတ်တရက် ဖမ်းဆီးလိုက်ပါသည်။
ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက်များအရ အဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် နေထိုင်သူ Md. Rafiq နှင့် Umar Farooq တို့ ဖြစ်ပါသည်။