အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ဘယ်နှစ်ကျောင်းရှိပါသလဲ။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်း ရှိပြီး ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူးတို့တွင် ဖွင့်လှစ် ထားပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

 

NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များ ရေးဆွဲထားမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို သိရှိလိုပါသည်။

NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များ ရေးဆွဲထားရှိမှုအနေဖြင့် အလုပ်အကိုင် (၆၇) မျိုးအတွက် ကျွမ်းကျင်မှုအဆင့်-၁ (၄၄) မျိုး၊ ကျွမ်းကျင်မှု အဆင့်-၂ (၃၆) မျိုး၊ ကျွမ်းကျင်မှု အဆင့်-၃ (၉) မျိုး၊ စုစုပေါင်း ကျွမ်းကျင်မှု “စံ” အဆင့် အလိုက် (၈၉) မျိုးကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပြီး  အလုပ်အကိုင် (၁၉) မျိုးအား ကျွမ်းကျင်မှု “စံ”ရေးဆွဲနိုင် ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။        

Source: https://www.mol.gov.mm

၂၀၁၁ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြင်ဆင်ရန်ရှိပါသလား။

ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အလုပ်ရှင်အဖွဲ့အစည်း သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းတစ်ခုခုမှ အဆိုပြုလာပါက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်မိတ်ဖက်များ၏ သဘောထားများရယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/