အလုပ်သမားအဖွဲ့အစည်းကို မည်ကဲ့သို့ဖွဲ့စည်းနိုင်ပါသလဲ။

လုပ်ငန်းအမျိုးအစားအလိုက်  အလုပ်သမားအနည်းဆုံးဦးရေ ၃၀ ဖြင့် အခြေခံ အလုပ်သမားအဖွဲ့အစည်းကိုဖွဲ့စည်းနိုင်ပြီး အခြေခံစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း အောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းကထောက်ခံလျှင် မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ မြို့နယ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော  အလုပ်သမားအဖွဲ့အစည်းကထောက်ခံလျှင် တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်း အလုပ်သမားအဖွဲ့အစည်းက ထောက်ခံလျှင် အလုပ်သမားအဖွဲ့ချုပ်၊  ၂၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့ချုပ်က ထောက်ခံလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပြဋ္ဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန် စေရန်၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်စေရန်ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားအဖွဲ့အစည်းကို မည်သည့်အတွက်ကြောင့်ဖွဲ့စည်းသင့်ပါသလဲ။

အလုပ်သမားများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိစေရန်နှင့် အလုပ်ချိန်နှင့်အခြား အလုပ်ခန့်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလုပ်ရှင်နှင့် ဆွေးနွေးညှိနှိုင်းရာမှာ အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများအားလုံး အကျိုးခံစားရရုံသာမက အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ လျော့နည်းလာပြီး လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အဓိကကျတဲ့အတွက် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များမှာ အလုပ်သမားအဖွဲ့အစည်းများကို ဥပဒေနှင့်အညီဖွဲ့စည်းသင့်ပါတယ်။

Source: https://www.mol.gov.mm

အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဖြင့် အလုပ်သမားများ မည်ကဲ့သို့အကျိုး ကျေးဇူးများရရှိ ခံစားနိုင်ပါသလဲ။

အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအားဖြင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ၊ အလုပ်ချိန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေး အပါအဝင် အခြားလုပ်ငန်းခွင်ဆိုင်ရာ အကျိုးခံစားခွင့်များကို အလုပ်သမားများ ကိုယ်တိုင်ရွေးချယ်ထားသော အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တစ်ဆင့်လုပ်ငန်းခွင်မပျက် အလုပ်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊  အလုပ်ခွင်အတွင်း အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်ရှင်နှင့် အလုပ်သမားများ ကြားညှိနှိုင်းဆွေးနွေးအဖြေရှာ၍ ပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့်  အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ လျော့နည်းလ