အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့်အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းခြင်းရှိ၊ မရှိနှင့် သက်တမ်းသတ်မှတ်ထားမှု ရှိ/မရှိ သိရှိလိုပါတယ်။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတိ၏ သက်တမ်းမှာ (၂)နှစ် ဖြစ်ပြီး ကျန်ရှိသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမားဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ သက်တမ်းမှာ (၃)နှစ် ဖြစ်ပါတယ်။ သက်မှတ်သက်တမ်း ကုန်ဆုံးပါက ဥပဒေနှင့်အညီ အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို မည်သည့်ကာလအထိ ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ပေးပါသလဲ။

ညှိနှိုင်းဖျန်ဖြေရမည့် ကာလအနေဖြင့် အငြင်းပွားမှုကို သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်တွင် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ပြေငြိမ်းမှုရရှိအောင် ဖျန်ဖြေခြင်း မပြုနိုင်သည့်အခါ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးက ဆက်လက် ဖျန်ဖြေပေးစေလိုကြောင်း တောင်းဆိုလျှင် ပြေငြိမ်းမှုရသည်အထိ ဖျန်ဖြေပေးနိုင်ပါတယ်။

Source: https://www.mol.gov.mm

အလုပ်သမားရေးရာ အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မည်သို့ တိုင်ကြားဆောင်ရွက်ရပါသလဲ။

အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပွားသော နစ်နာချက်များ၊ အလုပ်သမားရေးရာပြဿနာများ၊ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက နစ်နာသူသည် စက်ရုံ၊ အလုပ်ရုံတည်ရှိရာ မြို့နယ်များရှိ သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားစာ ပေးပို့တိုင်ကြားနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားအဆင့်ဆင့်ကို ရှင်းပြပေးစေလိုပါတယ်။

သတ်မှတ်လုပ်သားဦးရေပြည့်မီသည့် လုပ်ငန်းများ၊ စက်ရုံများတွင် WCC ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါ WCC တွင် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာချက်များကို ကနဦးဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်း၊ ပြေငြိမ်းမှုမရရှိသော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ မြိုနယ်အဆင့်ဖြစ်သော ညှိနှိုင်းဖျန်ဖြေမှု ပြုပြီးနောက် ပြေငြိမ်းမှုရရှိပါက နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ပြေငြိမ်းမှုမရရှိပါက တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဖြစ်သော ခုံသမာဓိ အဖွဲ့သို့ အမှုတွဲလွှဲပြောင်း ပေးပို့ခြင်း၊ ခုံသမာဓိအဖွဲ့က စစ်ဆေးဆုံးဖြတ်ခြင်း၊ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသော အငြင်းပွားသူများသ