၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းပြီးချိန်မှစပြီး ယနေ့ထိ အဖွဲ့အစည်း ဘယ်နှစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ပါသလဲ။
အလုပ်သမားအဖွဲ့အစည်း ၃၀၂၄ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ စုစုပေါင်း ၃၀၅၂ ဖွဲ့ ဖွဲ့စည်းပေးထားပါတယ်။ ကျယ်ကျယ်ပြန့်ပြန်သိလိုလျှင် အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရမည့်နည်းလမ်းများနှင့် လျှောက်လွှာပုံစံများကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင်ပြဋ္ဌာန်းထားသကဲ့သို့ အလုပ်သမားဝန်ကြီးဌာန Website တွင်လည်းဖော်ပြထားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများနှင့် မြို့နယ်ရုံးများတွင်လည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။