အလုပ်သမားဝန်ကြီး ဌာန အနေ ဖြင့် အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။

စက်ရုံ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနှင့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများ ကွဲပြားလျက် စက်ရုံအတွင်း ဖွဲ့စည်းထားသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ အဆင့်ဆင့်ဖြင့် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ EC စာချုပ်ပါ အချက်များအပေါ်တွင် အခြေခံပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဌာနများတွင် စည်းကြပ်လျက်ရှိသော ဥပဒေတွင် ပြဋ္ဌာန်းပြီး အကျိုးခံစားခွင့်နှင့် အညီ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက

အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုဆိုတာ မည်သည့်အငြင်းပွားမှုဖြစ်ပါသလဲ။

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပါတယ်။ စုပေါင်းသဘောတူညီချက်နှင့်စပ်လျဉ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါရပိုင်ခွင့်များနှင့် အကျုံးဝင်မှု မရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် စပ်လျဉ်းသော အငြင်းပွားမှုများကိုတော့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်ဥပဒေ ပြဋ္ဌာန်းထားပါသလား။

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြားဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

လက်ရှိမြန်မာနိုင်ငံတွင် လုပ်သားအင်အား မည်မျှရှိပါသလဲ၊ အလုပ်လက်မဲ့နှုန်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

၂၀၂၀ပြည့်နှစ်၊ လုပ်သားအင်အားစစ်တမ်း(ပထမအကြိမ်) အစီရင်ခံစာအရ လုပ်သား အင်အား ၂၂.၂၂ သန်းရှိပါတယ်။ အလုပ်လက်မဲ့နှုန်းအနေနဲ့ ၁.၆% ရှိပြီး၊ အလုပ်လက်မဲ့ နှုန်း နည်းပါးခြင်းဟာ ILO ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေတိုင်းမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ILO အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စာရင်းအင်းပညာရှင်များညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အလုပ်လက်မဲ့နှုန်းအပြင် လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း (Labour Underutilization Rate) ကိုပါ တစ်ပေါင်းတည်းဖော်ပြဖ