ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် ဌာနမှ မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။
ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးထူထောင်နိုင်ရန်အတွက် ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်ပြီး စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့်အလုပ်သမားများ၏ အခက်အခဲများကို တင်ပြစေ၍ လိုအပ်သည်များ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလုပ်ခန့်ထားမှုဆိုင် ရာသဘောတူညီချက် စာချုပ် (EC) အပိုဒ် ၁၇ (က) ပါအတိုင်း အလုပ်ရှင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း အပိုဒ် ၁၇(ခ)ပါ အလုပ်သမားများ၏ တာဝန်ဝတ္တရားများနှင့် အပိုဒ် ၁၃ ပါ အလုပ်သမားများ၏ စည်းကမ်းများအတိုင်း လိုက်နာ ဆော