အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ မည်သို့ဆောင်ရွက်ပေးပါသလဲ။

အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်ပြုလုပ် ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ အနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလုပ်သမားမှတ်ပုံတင်ရမည်။ ဤကဲ့သို့ လူကိုယ်တိုင် လာရောက်မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင်သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေ အနေကိုပြည့်စုံစွာရရှိနိုင်ပြီး၊ လျှောက်ထားရာရုံးတွင် ၎င်း၏ အရည်အချင်းနှင့် အလုပ်အကိုင်ပေါ်ပေါက်လျက်ရှိပါက ချက်ချင်းပင်ဆက်သွယ်ပေးနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်သမားမှတ်ပုံတင်ကတ်ပြား

(NSSA) အနေဖြင့် လုပ်သားများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ အောင်မြင်သူလုပ်သားများအား အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပြီးစီးမှုအခြေအနေကို သိရှိလိုပါ သည်။

(NSSA) သည် ၂၀၁၄ ခုနှစ်မှစတင်၍ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဖြေဆိုအောင်မြင်သူလုပ်သား (၂၁,၅၅၅) ဦးရှိသည့်အနက် လုပ်သား (၁၈,၁၇၀)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကို

အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်ပြီးစီးမှုနှင့် ကျွမ်းကျင် လုပ်သားမွေးထုတ်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)သည် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ကျွမ်းကျင်မှုအဆင့် (၁) (၁၈၄) ခု၊

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများအနေဖြင့် Mobile Training များဆောင် ရွက်ပေးခြင်းများ ရှိပါသလား။

ဦးစီးဌာနသင်တန်းကျောင်းများအနေဖြင့် အခြေခံဂဟေဆက်၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်း လျှပ်စစ်သင်တန်းအတွက်သာ Mobile Training သင်ကြားပေးနိုင်ပြီး သင်တန်းပေး စေလိုသောဒေသများရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူ၍ ညှိနှိုင်းလာပါက စီစဉ်ဆောင်ရွက်ပေးပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/