အမေရိကန် စစ်တပ်အကြီးအကဲများကို ရာထူးမှ ရုတ်တရက် ဖယ်ရှား

News Image

  • အမေရိကန် စစ်တပ်အကြီးအကဲများကို ရာထူးမှ ရုတ်တရက် ဖယ်ရှား

ဖေဖော်ဝါရီ ၂၁ ရက်(သောကြာနေ့) ညနေပိုင်းတွင်  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် အမေရိကန်စစ်တပ်အကြီးအကဲများကို ရုတ်တရက် ရာထူးမှ ဖယ်ရှားလိုက်ပါသည်။ အဆိုပါဖယ်ရှားခံရသူများ တွင် ပူးတွဲ စစ်ဦးစီးချုပ် (Joint Chiefs of Staff ) Charies Q Brown ၊ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Lisa Franchetti နှင့် လေတပ် ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး James Slife  တို့ပါဝင်ပါသည်။

အဆိုပါစစ်တပ်အကြီးအကဲများဖယ်ရှားခြင်းကို ကာကွယ်ရေးဝန်ကြီး Pete Hegseth က ကြေညာခဲ့ပြီး Joint Chiefs of Staff အကြီးအကဲနေရာကို အငြိမ်းစား လေတပ် ဗိုလ်ချုပ် Dan “Razin” ကို ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရပါသည်။

ယခုကဲ့သို့ အမေရိကန်ပင်တဂွန်၏ နိုင်ငံရေးသဘောထားနှင့် ခေါင်းဆောင်မှု အပြောင်းအလဲအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်နေပါသည်။ 

ကိုးကား- CNN