တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းခံရသည့် ၎င်းတို့၏ နိုင်ငံသား ၂၀၀ ခန့်ကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ရန်စီစဉ်

News Image

တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းခံရသည့် ၎င်းတို့၏ နိုင်ငံသား ၂၀၀ ခန့်ကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ရန်စီစဉ်

ဖေဖော်ဝါရီ ၁၈

ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို နိုင်ငံစုံ ပူးပေါင်းဖြိုခွင်းခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံက အဆိုပါလုပ်ငန်းများမှ ထိန်းသိမ်းထားရှိသည့် ၎င်းတို့၏နိုင်ငံသား ၂၀၀ ခန့်ကို ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံလုံခြုံရေးဆိုင်ရာ အရာရှိ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဓားစာခံများနှင့် ရုပ်အလောင်းများကို ဟားမက်က ထပ်မံလွှဲပြောင်းပေးသွားမည်

News Image

ဓားစာခံများနှင့် ရုပ်အလောင်းများကို ဟားမက်က ထပ်မံလွှဲပြောင်းပေးသွားမည်

ဖေဖော်ဝါရီ ၁၈

အစ္စရေးဓားစာခံ ၆ ဦးအား ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့)တွင် ပြန်လည်လွှဲပြောင်းပေးရေးနှင့် အခြား ၈ ဦး၏ ရုပ်အလောင်းများအား ယခုသီတင်းပတ်နှင့် လာမည့်သီတင်းပတ်အတွင်း လွှဲပြောင်း ပေးရေး အစ္စရေးနှင့် ဟားမက်စ် တို့အကြား သဘောတူညီမှုရရှိခဲ့ပါသည်။

အဆိုပါသဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၈ ရက်(အင်္ဂါနေ့)က ကိုင်ရိုမြို့တွင် ချမှတ်နိုင်ခဲ့ကြောင်း အစ္စရေး ဝန်ကြီး ချုပ်ရုံးက အတည်ပြုပြောကြားခဲ့ပါသည်။

ထရမ့်၏ “ဂါဇာကိုထိန်းချုပ်သွားမည်”ဟူသည့် ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသ ပြန်လည် တည်ဆောက်ရေးအစီအစဉ်ကို အီဂျစ်က ဖော်ဆောင်လျက်ရှိခြင်း

News Image

ထရမ့်၏ “ဂါဇာကိုထိန်းချုပ်သွားမည်”ဟူသည့် ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသ ပြန်လည် တည်ဆောက်ရေးအစီအစဉ်ကို အီဂျစ်က ဖော်ဆောင်လျက်ရှိခြင်း

အီဂျစ်အစိုးရသည် ဂါဇာကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက်ရှိပြီး ထိုသို့ ပြန်လည်တည်ဆောက်ရာတွင် ဂါဇာမှ ပါလက်စတိုင်းလူမျိုးများကို ဖယ်ရှားခြင်းမပြုဘဲ ဆောင်ရွက်ရန် ရည်ရွယ် ထားသည်။ အဆိုပါ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ “ဂါဇာနယ်မြေကို ထိန်းချုပ်ပြီး ပါလက်စတိုင်းများကို ဖယ်ရှားပစ်မည်”ဟူသည့်  ပြောဆိုချက်ကို တုံ့ပြန်ရန်ရည်ရွယ်သည့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။

အီသီယိုးပီးယားက ရုရှား၏ မဟာဗျူဟာအရ အာဖရိက မိတ်ဖက် ဖြစ်လာ

News Image

အီသီယိုးပီးယားက   ရုရှား၏ မဟာဗျူဟာအရ အာဖရိက မိတ်ဖက် ဖြစ်လာ

ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ Valentina Matviyenko ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အီသီယိုးပီးယား နိုင်ငံသို့ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်၍ ၃ ရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း၊ ခရီးစဉ်အတွင်း အီသီယိုးပီးယား ဝန်ကြီးချုပ် Ably Ahmed Ali နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

အဆိုပါအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် Matviyenko နှင့်အတူ ရုရှား စီးပွားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြပါသည်။