တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် ပထမဆုံးသမ္မတဖြစ်လာ

News Image

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် ပထမဆုံးသမ္မတဖြစ်လာ

ရာထူးမှဖြုတ်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ် သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် တောင်ကိုရီးယား၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်ဟု သိရပါသည်။ယွန်းဆက်ယိုးလ်သည် စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရခြင်းလည်းဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ ရက်တွင် ယွန်းဆက်ယိုးလ်က စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ခံရသူ တစ်သိန်းကျော် ရှိပြီး ၉ ဦး သေဆုံး

News Image

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ခံရသူ တစ်သိန်းကျော် ရှိပြီး ၉ ဦး သေဆုံး

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၇,၅၇၀ ဦး ရှိပြီး ကိုးဦး သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

ဂျပန်၀န်ကြီးချုပ်ဟောင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အမျိုးသား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

News Image

ဂျပန်၀န်ကြီးချုပ်ဟောင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အမျိုးသား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဂျပန်၀န်ကြီးချုပ်ဟောင်း Kishida Fumio ရှိသည့် နေရာအနီးသို့ ဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ပေါက်ခဲ့သော အမျိုးသားကို ဂျပန်အနောက်ပိုင်း Wakayama ခရိုင်ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါသည်။ တရားခံသည် ထိုစဉ်က တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် အများပြည်သူအကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု တရားရုံးက ပြောပါသည်။

ဒေါ်နယ်ထရမ့်က ဗလာဒီမာ ဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း

News Image

ဒေါ်နယ်ထရမ့်က ဗလာဒီမာ ဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း ခေါ်ဆိုကာ ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို စီမံခန့်ခွဲမှုညံ့ဖျင်းပြီး အမေရိကန်ငွေကြေးအကူအညီများကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် အမေရိကန် - ရုရှားတွေ့ဆုံဆွေးနွေးပွဲပြီးနောက် ဝါရှင်တန်နှင့် ကိယက်ဗ်အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။