အီသီယိုးပီးယားက ရုရှား၏ မဟာဗျူဟာအရ အာဖရိက မိတ်ဖက် ဖြစ်လာ
ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ Valentina Matviyenko ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အီသီယိုးပီးယား နိုင်ငံသို့ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်၍ ၃ ရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း၊ ခရီးစဉ်အတွင်း အီသီယိုးပီးယား ဝန်ကြီးချုပ် Ably Ahmed Ali နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။
အဆိုပါအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် Matviyenko နှင့်အတူ ရုရှား စီးပွားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြပါသည်။
Matviyenko က ရုရှားသမ္မတဗလာဒီမာပူတင်၏ နှုတ်ခွန်းဆက်သစကားကို ပြောကြားခဲ့ပြီး ရုရှားနှင့် အီသီယိုးပီးယားအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာရန် တာဝန်ယူပါကြောင်း၊ အီသီယိုးပီးယားသည် အာဖရိကတွင် ရုရှား၏ အရေးအပါဆုံး မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ခရီးစဉ်ရည်ရွယ်ချက်မှာ ရုရှားနှင့်အီသီယိုးပီးယားအကြား ဆွေးနွေးမှုများ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ စီးပွားရေး ကူးသန်းမှုမှာ လေးဆတိုးတက်လာခဲ့ကြောင်း Matviyenkoက ပြောထား ပါသည်။
ရုရှားစီးပွားရေးလုပ်ငန်းများအနေဖြင့် အာဖရိကတွင် လူဦးရေအများဆုံး ဖြစ်သည့် အီသီယိုးပီးယားနိုင်ငံသည် စွမ်းအင်၊ ဆေးဝါး၊ လယ်ယာ စိုက်ပျိုးရေး၊ နျူကလီးယားစွမ်းအင် နယ်ပယ်များတွင် စိတ်ဝင်စားမှု အပြည့်ရှိကြောင်း ဖော်ပြခဲ့ပါသည်။
ရုရှားအနေဖြင့် အိမ်နီးချင်း အနောက်ဥရောပနိုင်ငံများကို လျစ်လျူရှုရန် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လာစေရေး ကြိုးပမ်းလျက် ရှိရာ အီသီယိုးပီးယားသည် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အားပြိုင်မှု ပစ်မှတ်မရှိသော နိုင်ငံလည်းဖြစ်သည်။
ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ Valentina Matviyenko က အီသီယိုးပီးယားခေါင်းဆောင်များအား လာမည့် ၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့၏ နှစ် ၈၀ ပြည့်အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။
ကိုးကား- RT