မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိ
News Image

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တနင်္လာနေ့ ၊ မော်စကို စံတော်ချိန် ၁၃၀၀ အချိန်တွင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များက ကြိုဆိုခဲ့ကြသည်။