ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အများအပြား ယူကရိန်းတပ်ဖွဲ့ လက်ခံရရှိထား
ယူကရိန်းတပ်ဖွဲ့များသည် ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အမြားအပြား လက်ခံရရှိထားကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ Alexander Bastrykin က TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ဂျာမနီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယားနှင့် အခြားနိုင်ငံ အတော်များများက ယူကရိန်းတပ်ဖွဲ့ကို လူသေစေသည့် လက်နက်များ ထောက်ပံ့ပေးနေတာကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်အတူ ကျွန်တော်တို့ အခု မှတ်တမ်းတင်နေပါတယ်” ဟု သူက ဆိုပါသည်။
Bastrykin ၏ ပြောကြားချက်အရ Storm Shadow ခရုဇ်ဒုံးပျံများ၊ အမြောက်ကျည်များ၊ တင့်ကားများ၊ လက်နက်ကြီးကျည်များ၊ လေကြောင်း တိုက်ခိုက်ရေးဗုံးများနှင့် ကျည်ဆံများကို ဥရောပမှ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် ယူကရိန်းတပ်မတော်သည် တိုက်ခိုက်ရေးများတွင် သာမက အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရာတွင်လည်း တွင်ကျယ်စွာအသုံးပြုသည့် ဒရုန်းများကို လက်ခံရရှိထားသည် သိရပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃