တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒအပေါ် အနောက်မီဒီယာများ၏ ဝေဖန်ပြစ်တင်မှု လွဲမှားကြောင်း တရုတ်သက်သေပြ
တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံနိုင်ရန် ရည်ရွယ်ပြီး ကျင့်သုံးလျက်ရှိသော ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကျယ်ကျယ် ပြန့်ပြန့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိုမူဝါဒကြောင့် “တရုတ်နိုင်ငံသို့ အလည်တစ်ခေါက်” ဆိုသော စာသားများဖြင့် ဆိုရှယ် မီဒီယာပေါ်တွင် hashtag တင်သူ ခရီးသွားပေါင်း သန်း ၁၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ သို့သော် အနောက်တိုင်းမီဒီယာအချို့က ယင်းမူဝါဒ အပေါ် ရှုတ်ချ ပြောဆိုနေကြပါသည်။
မကြာသေးမီက ယင်းမူဝါဒသည် တရုတ်အစိုးရအတွက် ကျရှုံးမှုများ ကိုသာ ဖြစ်စေမည်ဟု အမေရိကန်သတင်းဌာန Bloomberg က ဝေဖန် ရေးသားခဲ့ပါသည်။ ထိုဗီဇာကင်းလွတ်ခွင့်မူဝါဒကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တွင် စတင်ကျင့်သုံးခဲ့ပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန် နှင့် မလေးရှားနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့် စတင်ပေးခဲ့ပါသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးထားပြီး နေထိုင်ခွင့်ပြုသည့် ဗီဇာကင်းလွတ်ခွင့်ကာလကို ရက်ပေါင်း ၃၀ အထိ တိုးမြှင့်ပေးထားပါသည်။ ထိုမူဝါဒကြောင့် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်သူများမှာ ပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများသာမက လူသူရောက်ပေါက်နည်းပါးသော မြို့များအထိ သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက် များပြားလာခြင်းသည် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းတွင် တရုတ်နိုင်ငံက အရေးပါသည့် ကဏ္ဍတွင် လှုပ်ရှားလိုမှု ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အထောက်အကူများစွာ ဖြစ်ပါသည်။
ကိုးကား-China Daily
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊နစက-၃