ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့နေမှု ဖြတ်တောက်မည့် အစည်းအဝေး ဒေါ်နယ်ထရမ့်က မတ် ၃ ရက်တွင် ပြုလုပ်မည်
ယူကရိန်းနှင့်ပတ်သက်၍ အရေးယူနိုင်ဖွယ်ရာ အစီအမံများကို ဆွေးနွေးမည့် အစည်းအဝေးတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့နှင့်အတူ မတ်လ ၃ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောကြားချက်ကို ကိုးကား၍ The New York Times က ဖော်ပြထားပါသည်။
အဆိုပါသတင်းစာအရ ထိုအစည်းအဝေးတွင် ယခင်က သဘောတူညီထားသော အမေရိကန်က ယူကရိန်းအား စစ်ရေးအကူအညီများ ပေးအပ်နေခြင်းအစီအစဉ်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပါဝင်နိုင်ကြောင်း သိရပါသည်။
ထိုအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆင်လည်း တက်ရောက်မည်ဖြစ်ကြောင်း The New York Times က ဖော်ပြထားပါသည်။
ကိုးကား- TASS
Photo: Mehr News Agency
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category