ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံ ဘယ်လ်ဂျီယံ နုတ်ယူမည်

News Image

ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံ ဘယ်လ်ဂျီယံ နုတ်ယူမည်

ဘယ်လ်ဂျီယံ အစိုးရသည် ၂၀၂၅ ခုနှစ်တွင် ဥရောပကော်မရှင်၏ ယူကရိန်းထံ လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံကို နုတ်ယူ၍ ၎င်း၏ ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်ရန် အစီအစဉ်ရှိကြောင်း Le Soir သတင်းစာက ဖော်ပြထားပါသည်။ 

ထိုသို့လုပ်ဆောင်ခြင်းမှာ ဘယ်လ်ဂျီယံ၏ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၁.၃% မှ ၂% အထိ တိုးမြှင့်ရန် ဖြစ်ပါသည်။ သို့သော် ၂၀၂၅ တွင် ထိုရည်မှန်းချက်အောင်မြင်ရန် ယူရို ၃.၈ ဘီလီယံလိုအပ်နေပြီး၊ ဝန်ကြီးချုပ် Bart De Wever က ၁.၈ ဘီလီယံသာ အဆိုပြုထားသည်။

ရပ်တန့်ထားခဲ့သော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်း ဆယ်နှစ်ကြာပြီးနောက် ပြန်စမည်

News Image

ရပ်တန့်ထားခဲ့သော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်း ဆယ်နှစ်ကြာပြီးနောက် ပြန်စမည်

Goldin Finance 117 အဆောက်အဦကြီး (မီတာ ၅၉၆.၆ အမြင့်ရှိ) သည် တရုတ်နိုင်ငံ၊ တီယန်ကျိန်မြို့တွင် တည်ရှိပြီး၊ ၂၀၁၅ ခုနှစ်မှစ၍ ငွေကြေး အခက်အခဲများကြောင့် ဆောက်လုပ်ရေးရပ်နားထားခဲ့ရသည်။ သို့သော် မကြာသေးမီကသတင်းများအရ အဆိုပါအဆောက်အဦကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်အကုန်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် ဂျပန်ကိုကျော်ပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး စီးပွားရေးဖြစ်လာ

News Image

ကယ်လီဖိုးနီးယားပြည်နယ်သည် ဂျပန်ကိုကျော်ပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး စီးပွားရေးဖြစ်လာ

အမေရိကန်ပြည်ထောင်စု၏ ကယ်လီဖိုးနီးယားပြည်နယ်သည် ဂျပန်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးအဖြစ် ရပ်တည်လာခဲ့သည်။ လတ်တလောစီးပွားရေးဆိုင်ရာ စာရင်းဇယားများအရ၊ ကယ်လီ ဖိုးနီးယား၏ နှစ်စဉ်ထုတ်ကုန် (GDP) သည် ဂျပန်ထက် ကျော်လွန်သွားခဲ့ပြီး ယခုအခါတွင် အမေရိကန်၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့၏ နောက်တွင် ရပ်တည်လျက်ရှိနေသည်။

တရုတ်နိုင်ငံက အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductors) များအတွက် အပြန်အလှန်အခွန် (၁၂၅%) ကို တိတ်တဆိတ် ရုပ်သိမ်း

News Image

တရုတ်နိုင်ငံက အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductors) များအတွက် အပြန်အလှန်အခွန် (၁၂၅%) ကို တိတ်တဆိတ် ရုပ်သိမ်း

တရုတ်နိုင်ငံ၊ ရှန်ကျန့်မြို့ရှိ သွင်းကုန်အေဂျင်စီ ၃ ခုမှ သောကြာနေ့ (ဧပြီ ၂၅) က ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူး ပစ္စည်း (semiconductors) နှင့် အိုင်စီချစ်ပ်များ အတွက် စည်းကြပ်ထားသည့် အပြန်အလှန်အခွန် ၁၂၅% ကို လျှော့ချပေးခဲ့ကြောင်း သိရသည်။ ထို ပြောင်းလဲမှုကို တရုတ်အစိုးရက တရားဝင်ကြေညာခြင်းမရှိသော်လည်း၊ အေဂျင်စီများက ကြာသပတေးနေ့ (ဧပြီ ၂၄) က ယင်းအချက်ကို သတိပြု မိခဲ့သည်။