ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံ ဘယ်လ်ဂျီယံ နုတ်ယူမည်

News Image

  • ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံ ဘယ်လ်ဂျီယံ နုတ်ယူမည်

ဘယ်လ်ဂျီယံ အစိုးရသည် ၂၀၂၅ ခုနှစ်တွင် ဥရောပကော်မရှင်၏ ယူကရိန်းထံ လက်နက်ထောက်ပံ့မှု ရန်ပုံငွေမှ ယူရို ၁.၂ ဘီလီယံကို နုတ်ယူ၍ ၎င်း၏ ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်ရန် အစီအစဉ်ရှိကြောင်း Le Soir သတင်းစာက ဖော်ပြထားပါသည်။ 

ထိုသို့လုပ်ဆောင်ခြင်းမှာ ဘယ်လ်ဂျီယံ၏ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၁.၃% မှ ၂% အထိ တိုးမြှင့်ရန် ဖြစ်ပါသည်။ သို့သော် ၂၀၂၅ တွင် ထိုရည်မှန်းချက်အောင်မြင်ရန် ယူရို ၃.၈ ဘီလီယံလိုအပ်နေပြီး၊ ဝန်ကြီးချုပ် Bart De Wever က ၁.၈ ဘီလီယံသာ အဆိုပြုထားသည်။

ဘယ်လ်ဂျီယံက နုတ်ယူမည့် ၁.၂ ဘီလီယံသည် ရုရှား၏ ပြည်ပရှိ ပိုင်ဆိုင်မှုများအပေါ် ထိန်းချုပ်ထားသော ရန်ပုံငွေများမှ အကျိုးအမြတ် (ဥရောပ Euroclear ဘဏ်တွင် သိမ်းဆည်းထားသည့် ရုရှားငွေကြေး) မှ ရရှိထား ပါသည်။ 

ဘယ်လ်ဂျီယံသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ ၂၀၂၄ တွင် နေတိုး၏ ၂% ရည်မှန်းချက်အောက်ဖြစ်သော GDP ၏ ၁.၃% သာ ကာကွယ်ရေးစရိတ် အသုံးပြုခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ၂% အထိ တိုးမြှင့်ရန် ကတိပြုထားသော်လည်း ဘဏ္ဍာရေး အခက်အခဲများ ရှိနေသည်။ 

၂၀၂၅ ခုနှစ် နေတိုးအစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၃% မှ ၅% အထိ တိုးမြှင့်ရန် ဖိအားပေးမည်ဖြစ်သဖြင့် ဘယ်လ်ဂျီယံ သည် ယခုလုပ်ဆောင်ချက်ကြောင့် ပိုမိုကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါသည်။ 

ကိုးကား- TASS

Photo: Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃